Main menu

Background

၁၀၅ မိုင်မှ အလားအလာကောင်းတဲ့ ပြောင်းဈေးကွက်

Mon, 12/12/2011 - 09:55 -- Anonymous (not verified)

    မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလမှာ ပြောင်းတန်ချိန် ၈၆၂၅၈ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး အောက်တိုဘာလထက် တန် ၂၆၈၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရင်လည်း ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဒီလိုတင်ပို့နိုင်ခြင်းကတော့ တစ်ဖက်နိုင်ငံမှ ပြောင်းဝယ်လိုအားပိုမိုရရှိပြီး မိမိဘက်မှလည်း ယခုနှစ်အတွင်း မန္တလေး၊ တောင်ကြီး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို ရှမ်းမြောက်ဒေသထွက် ပြောင်းသစ်များအပြင် မြန်မာပြည်အနှံ့ ပြောင်းစိုက်ပျိုးသည့် ဒေသအားလုံးမှ ထွက်ရှိတဲ့ ပြောင်းများကို ဈေးကွက်မှာ စတင်ဝင်ရောက်ရောင်းချ လျက်ရှိပြီး အခွန်နှုန်းထားသက်သာမှုကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းပြောင်းထွက်ရှိမှု များပြားပေမယ့် ပြောင်းကိုတရုတ် ပြည်မမှ သယ်ယူခြင်းထက် မိမိနယ်စပ်ဖက်မှ ဝယ်ယူခြင်းက သယ်ယူစရိတ်ပိုမို သက်သာတာကြောင့် ဝယ်လိုအားရှိတဲ့ ပို့ကုန်ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ မကြာခဏရာသီဥတုဖောက်ပြန်တာကြောင့် ဒေသပြောင်းထွက်ရှိမှု နည်းပါးတာ ကြောင့် တရုတ်ဖက်မှ ဝယ်လိုအားလည်း ပိုမိုရရှိကြောင်း သိရပါတယ်။ မိမိတို့ဘက်မှ တင်ပို့လျက်ရှိနေတဲ့ ပြောင်းဖူးစေ့ကို ယူနန်ပြည်နယ်မှတဆင့် တရုတ်ပြည်အတွင်း ပိုင်း စီချွမ်ပြည်နယ်အထိလည်း တင်ပို့လျက်ရှိတာကလည်း အရောင်းသွက်တဲ့ အကြောင်းတရပ်ဖြစ်ပါတယ်။ ဒါ့အပြင် မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်မှာလည်း တဖက်ကုန်သည်များကို တိုက်ရိုက်ခေါ်ယူရောင်းချတဲ့စနစ် ကျင့်သုံးတာကြောင့် ဈေးကွက်ကို ထိန်းသိမ်းပြီး ဈေးနှုန်းမှန်ရရှိကာ မိမိစိတ်ကြိုက်ရောင်းချဆောင်ရွက် ခွင့်လည်း ရရှိနေပြီဖြစ်ပါတယ်။ မိမိနိုင်ငံဘက်မှ အများဆုံးတင်ပို့တဲ့ ပြောင်းဖူးစေ့မှာ ရှမ်းမြောက်ဒေသထွက်ဖြစ်ပြီး ပြည်တွင်းဈေး၊ သယ်ယူစရိတ်နဲ့ အခွန်အခများ၍ အကျိုးအမြတ်နည်းသော်လည်း အရေအတွက်များများ တင်ပို့နေရကြောင်း သိရပါ တယ်။                                     Sorce: နကသMIRT(DOBT)