Main menu

Background

မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ခွင့်ရှိသည့် ကားအရောင်းစင်တာ ဖွင့်ပြီ

Mon, 12/12/2011 - 10:03 -- Anonymous (not verified)

    မည်သူမဆို လွတ်လပ်စွာ ဝယ်ယူ နိုင်သည့် ကားအရောင်းစင်တာတစ်ခု ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၄၇) ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာနတွင်  ဒီ ဇင်ဘာလ ၈ ရက်မှ စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။အဆိုပါကားများမှာ  စက်မှုဝန်ကြီး ဌာနမှ တင်သွင်းလာသည့်ကားများဖြစ် ပြီး တရုတ်နိုင်ငံ၊ Chery Automobile Co., Ltd  မှ ထုတ်လုပ်သည့် မီနီ ဆလွန်းကားများဖြစ်ကြောင်း သိရ သည်။စက်မှုဝန်ကြီးဌာနသည် ချယ်ရီမီနီ ဆလွန်းကားများကိုပထမဦးဆုံးအသုတ် အဖြစ် ကားအစီးပေါင်း ၁၀၀၀ ကို တင် သွင်းလာခဲ့ခြင်းဖြစ်ပြီး  ယာဉ်အိုယာဉ် ဟောင်းများ၊ သက်တမ်းလွန်ယာဉ်များ အပ်နှံသူများကိုသာ ဦးစားပေးရောင်းချ မည်ဟုဆိုသော်လည်း ကားအရောင်း စင်တာဖွင့်လှစ်ပြီးချိန်တွင်  မည်သူ့ကို မဆို လွတ်လပ်စွာ  ရောင်းချမည်ဖြစ် ကြောင်း စက်မှုဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦးအေးသန်းက ပြောကြားခဲ့ သည်။အဆိုပါ ကားအရောင်းစင်တာတွင်  ကားစီးရေ ၅၀ကို ပြသရောင်းချမည်ဖြစ် ပြီး လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။စက်မှုဝန်ကြီးဌာနမှ တင်သွင်းလာ သည့် ချယ်ရီ QQ3 မီနီဆလွန်းကားများ ကို  ကားတန်ဖိုးငွေ  အမေရိကန်ဒေါ် လာ ၅၈၀၀၊  Custom Duty နှင့် Commerical Tax  နှစ်ရပ်ပေါင်း ၂၈၄၀၀၀၀ ကို တစ်ပါတည်း ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တန်ဖိုးတွင်ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနသို့   ပေးသွင်းရမည့် ကညနအခွန်မှာ မပါဝင်သေးကြောင်း သိရသည်။အဆိုပါကညနခွန်မှာ ချယ်ရီ QQ3 ယာဉ်၏ မူလ FOB ဈေးနှုန်း တစ်ဝက် ၏ ၁၅ ရာခိုင်နှုန်းကို ကညနမှ တွက် ချက်၍ ဒေါ်လာဖြင့် ပေးဆောင်ရမည် ဖြစ်ကြောင်း အဆိုပါကားအရောင်းစင် တာမှ  တာဝန်ရှိသူတစ်ဦး၏  ပြောပြ ချက်အရ သိရသည်။အဆိုပါ ချယ်ရီ QQ3   ယာဉ်မှာ အောက်တိန်းဓာတ်ဆီထည့်သွင်းမောင်း နှင်ရသည့်ကားအမျိုးအစားဖြစ်ကြောင်း သိရသည်။ အဆိုပါကားများကို ရန်ကုန် မြို့သို့ ဒီဇင်ဘာ ၆ ရက်က တရုတ်နိုင်ငံ သင်္ဘောMV. Chang Yu  သင်္ဘော ဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်။"ဝယ်လိုအားပေါ်မူတည်ပြီး ကား တွေကို ထပ်ပြီးသွင်းသွားမှာပါ။ အခု လည်း ကားတွေကို မည်သူမဆိုဝယ်ယူ ခွင့်ရရှိအောင်  ဆောင်ရွက်ပေးနေပါ တယ်။ ယာဉ်တန်ဖိုး  ဒေါ်လာ ၅၈၀၀ အပေါင်း အခွန် ၂၈ သိန်းလေးသောင်း ကို ဒီမှာပဲ  တစ်ခါတည်းသွင်းရမှာပါ။ ငွေသွင်းပြီးတာနဲ့ကားကို ယူသွားလို့ရ အောင်စီစဉ်ပေးထားပါတယ်"ဟု အဆို ပါပြခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။ ထို့ပြင်အဆိုပါ အရောင်းပြခန်းတွင် SUV နှင့် Myanmar Double Cabယာဉ်များကိုလည်း သတ်မှတ်ဈေးနှုန်း ထက်လျှော့၍ ရောင်းချလျက်ရှိကြောင်း  သိရသည်။   အဆိုပါ SUV နှင့် Myanmar Double Cabယာဉ်များ ကိုလည်း မည်သူမဆို လွတ်လပ်စွာဝယ် ယူခွင့်ရှိကြောင်း သိရသည်။ SUVကို ယခင်က ကျပ် ၃၇၅ သိန်းဖြင့် ရောင်း ချခဲ့သော်လည်း ယခုအခါတွင် ကျပ် သိန်း ၂၁၀ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။  Myanmar Double Cab များကိုလည်း ယခင်က ကျပ်သိန်း ၃၅၀ ဖြင့် ရောင်းချခဲ့ရာမှ ယခုအခါတွင် ကျပ် သိန်း ၂၉၀သို့လျှော့ချ၍ ရောင်းချလျက် ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံမှ  တင်သွင်းလာသည့် ကားများကို ကားရောင်းစင်တာဖွင့်လှစ် ပြီးရောင်းချလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိ သည့်  မြန်မာမီနီဆလွန်းကားများကို လည်း  ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။မယ်သီတာ