Main menu

Background

(၁၁) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကျယ်ဂေါင်မှာကျင်းပ

Tue, 12/13/2011 - 04:04 -- Anonymous (not verified)

    ၂၀၁၁တရုတ်-မြန်မာနယ်စပ်ကုန် သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်း အနားကို ဒီဇင်ဘာ ၈ ရက် ဒေသ စံတော်ချိန် ၉ နာရီတွင် ယူနန်ပြည်နယ် တဲဟုန်တိုင်းကျယ်ဂေါင်၌ ခမ်းနားသိုက် မြိုက်စွာ ကျင်းပခဲ့ပါသည်။    အဆိုပါ  ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ကူမင်း ကောင်စစ်ဝန်ချုပ်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်မင်း၊ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ် ရေး   ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်ထူး၊ ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်၊ မူဆယ် (၁၀၅) မိုင် နယ်စပ် ကုန်သွယ်ရေးညွှန်ကြားရေးမှူးရုံး ညွှန် ကြားရေးမှူး ဦးရန်နိုင်ထွန်း၊  ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်  ဒုတိယဥက္ကဋ္ဌများဖြစ် ကြသောဦးဇော်မင်းဝင်း၊ ဦးအောင်လွင်၊ ဦးသောင်းတင်နှင့်  ဗဟိုအလုပ်အမှု ဆောင်များ၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်း၊   မူဆယ်နမ့်ခမ်းနယ်စပ် ကုန်သည်အသင်းမှ  ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အလုပ်အမှုဆောင်များ၊ One Stop Services  အဖွဲ့ဝင်ဌာန ဆိုင်ရာ တာဝန်ရှိသူများ ဆက်စပ်ဌာန များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။    တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက် မှ  ယူနန်ပြည်နယ်  တယ်ဟုန်ပြည် နယ်ခွဲအစိုးရ ပြည်နယ်ခွဲမှူး မစ္စတာ ကုန်ကျင်ဂျင့်၊   တယ်ဟုန်ပြည်နယ်ခွဲ ပါတီအထွေထွေအတွင်းရေးမှူးမစ္စတာ ကျောက်ကျင်း၊ ဝရွှေလီပါတီကော်မတီ အတွင်းရေးမှူး၊ ရွှေလီမြို့ပြည်သူ့အစိုးရ မြို့တော်ဝန်၊ ယူနန်ပြည်နယ် ကုန် သွယ်ရေး တိုးမြှင့်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ၊ တယ်ဟုန်  ပြည်နယ်ခွဲ ကုန် သွယ်ရေးဌာနမှူး၊  ယူနန်ပြည်နယ် နိုင်ငံခြား ဆက်ဆံရေးဦးစီးဌာန၊ ယူနန် ပြည်နယ် နယ်စပ်ကာကွယ်ရေး ဦးစီး ဌာနတို့မှ တာဝန်ရှိသူများတက်ရောက် ခဲ့ကြသည်ဟု သတင်းရရှိပါသည်။    ဖွင့်ပွဲအခမ်းအနားတွင် တယ်ဟုန် ပြည်နယ်ခွဲအစိုးရ    ပြည်နယ်ခွဲမှူး မစ္စတာ ကုန်ကျင်ဂျင့်၊ တယ်ဟုန်ပြည် နယ်ခွဲ ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာဂျောက်ကျင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး   ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဒေါက်တာပွင့်ဆန်းတို့မှ အမှာစကားများ အသီးသီးမြွက်ကြား ခဲ့ကြပါသည်။    ထို့နောက် ၂၀၁၁ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားကို စင်မြင့်ပေါ်မှာ နှစ် ဘက် လူကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။    ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ နှစ်နိုင်ငံတာဝန်ရှိသူများ၊ ကုန်သည်များ နှင့် လူထုအင်အား  ၃၅၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။    ပြပွဲတွင် မိမိတို့ဘက်မှ ပြခန်း ၅၀ တွင် သမဝါယမ  အသင်းအဖွဲ့များ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များ အသင်း၊ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရေထွက် ပို့ကုန် လုပ်ငန်းရှင်များအသင်း၊ မြန်မာ့ သစ်လုပ်ငန်းရှင်များ အသင်းတို့မှ ပြခန်း ၃၄ ခန်းနဲ့ RUMFCCI၊ မြန်မာ့စက်မှု လုပ်ငန်းများ စီမံကိန်းညွှန်ကြားမှုဦးစီး ဌာနတို့မှ ပြခန်း ၁၆ ခန်းမှာ မြန်မာ့ လယ်ယာထွက်ကုန် (ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ)ရေထွက်ကုန်(ငါးရှဉ့်၊ ကဏန်း၊ ရေခဲငါး၊ ရေခဲပုစွန်)၊ သစ်အချောထည် များ၊ ကျောက်စီပန်းချီကားများ၊ ငွေ ချည် ရွှေချည်ထိုးများ၊ ငွေထည်များ ကျောက်စိမ်း   လက်ဝတ်ရတနာနှင့် အမှတ်တရ  ပစ္စည်းများ၊  အသုံး အဆောင်ပစ္စည်းများ၊ စားသောက်ကုန် (ကော်ဖီမစ်၊ လီမွန်တီး၊ အချိုရည်) များ ခင်းကျင်းပြသခဲ့ကြသည်။    ထို့နောက်   ဒေသစံတော်ချိန် ၁၁နာရီချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန် ကြီး ဒေါက်တာပွင့်ဆန်းနှင့် တယ်ဟုန် ပြည်နယ်ခွဲပါတီအထွေထွေအတွင်းရေး မှူး မစ္စတာဂျောက်ကျင်းတို့ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး  ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။    ဒေသစံတော်ချိန်၁၅ နာရီချိန်တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ်ဦးအောင်မင်းဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည် နယ် စီးပွား/ကူးသန်းဌာနမှ ညွှန်ကြား ရေးမှူးချုပ်   မစ္စတာစူဟုန်တောင်း ခေါင်းဆောင်သောကိုယ်စားလှယ် အဖွဲ့ တို့နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်း ညှိနှိုင်းရေးကော်မတီ (Joint Border Trade Cooperate & Coordinate Committee)  အစည်းအဝေးကို ဆက် လက် ကျင်းပခဲ့ကြပါသည်။    ပြပွဲဒုတိယနေ့ဖြစ်သော ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျယ်ဂေါင်ကုန်စည်ပြပွဲ အစည်းအဝေးခန်းမ(၂)၌  တရုတ်-မြန်မာကုန်စည်ပြပွဲ နှစ်နိုင်ငံကိုယ်စား လှယ်အဖွဲ့တို့ စီးပွားရေးဆိုင်ရာတွေ့ဆုံ ဆွေး နွေးခဲ့ကြပြီး ကုန်ပစ္စည်း အရောင်း အဝယ်စာချုပ်     လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဒေသစံတော်ချိန် ၁၅ နာရီချိန်တွင် ဆက်လက်ကျင်းပခဲ့သည် ဟု သတင်းရရှိသည်။ ချမ်းမြေ့မောင်