Main menu

Background

Tex-Trends India 2012 ကုန်စည်ပြပွဲ

Tue, 12/13/2011 - 04:45 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံ India Expo Mart, Greater Noida wGif Ministry of Textiles  ဝန်ကြီးဌာန ၏စီစဉ်မှုဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်မည့် Tex-Trends India  သို့ မြန်မာနိုင်ငံမှပါဝင်ပြသရန် Export Promotion Council for Handicrafts  မှ ဖိတ်ကြားထားပါသည်။ပြပွဲသို့ သွားရောက်ပြသခြင်းဖြင့် ဖက်ရှင် အလှဆင်လုပ်ငန်း၊  ကျောက်မျက်ရတနာနှင့် အသုံးအဆောင်ပစ္စည်း၊ ပိုးထည်၊ အထည်အလိပ် နှင့် အထည်ချုပ်၊ အိမ်တွင်းမှု၊ ပရိဘောဂလုပ်ငန်း စသည့်လုပ်ငန်းများ  ပါဝင်ပြသကြမည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၏  ချည်ထည်ထွက်ရှိသည့်ဒေသမှ လုပ်ငန်းရှင် ၅၀၀ ခန့် လာရောက်ကြမည်ဖြစ်ပါ သည်။ ထို့ပြင်  နိုင်ငံပေါင်း ၇၈ နိုင်ငံမှ လုပ် ငန်းရှင်များလည်း ပါဝင်ကြမည်ဖြစ်သည်။ ပြပွဲသို့ သွားရောက်ခြင်းဖြင့် အိန္ဒိယနိုင်ငံအပြင် နိုင်ငံ တကာမှ စီးပွားရေးလုပ်ငန်းများကို လေ့လာခွင့် ရရှိနိုင်မည့်အပြင်  မြန်မာ့ပို့ကုန်များ  တင်ပို့ရန် အတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ် ပါသည်။ အသေးစိတ်သိရှိလိုပါက ပြပွဲကော်မတီ e-mail:epch@vsnl.com နှင့် Website: www.epch.in  သို့လည်း ဝင်ရောက်ကြည့်ရှုနိုင် ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ  စိတ်ပါဝင်စား သော ကုမ္ပဏီများမှလုပ်ငန်းရှင်များ ပါဝင်ပြသလို ပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေး ဌာနခွဲနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်သို့ ကုမ္ပဏီအမည်၊ လိုက်ပါမည့်  လူဦးရေ စာရင်း၊ ပစ္စည်းစာရင်း(Invoice)များကိုပေးပို့၍ အသေးစိတ်သိရှိလိုပါက ဖုန်း၊ ၀၆၇-၄၀၈၄၁၁ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။      AMM(IT)