အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ NSIC Complex, Okhla Indl. Estate တွင် Media Today Pvt.Ltd ၏ဦးဆောင်မှုဖြင့် ၂၀၁၂ ခုနှစ် မတ် ၃ရက်မှ ၅ရက်အထိ ကျင်းပပြုလုပ်မည့် 4th International Horti Expo 2012 ၊ India Potato Expo 2012 နှင့် 7th International Flora Expo 2012 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။ပြပွဲသို့ ပါဝင်တက်ရောက်ခြင်း ဖြင့် The Royal Netherlands မှ နည်းပညာရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းကိရိယာများကို လေ့လာနိုင်ပြီး၊ အိန္ဒိယနိုင်ငံမှ တာဝန် ရှိသူများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံနိုင် မည့်အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါပွဲတွင် Myanmar Pavilion ပြခန်းထား ရှိပြသခြင်းဖြင့် ပြပွဲသို့လာရောက်သည့်နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် အဆက်အသွယ် များရရှိနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ပြပွဲကော်မတီ e-mail:hortiexpo@ gmail.com, ifloramtpl@ gmail.com ESifh Website: www.HortiExpo.com, www.FloraExpo.com သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန် ထုတ်လုပ်သူများ၊ ပန်းမန်များ စိုက်ပျိုးနေသည့်ကုမ္ပဏီများမှလုပ်ငန်းရှင်များ ပါဝင်ပြသလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဌာနခွဲနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သို့ ကုမ္ပဏီအမည်၊ လိုက်ပါမည့်လူဦးရေစာရင်း၊ ပစ္စည်းစာရင်း (Invoice) ) များကို ပေးပို့၍ အသေးစိတ်သိရှိလိုပါက ဖုန်း၊ ၀၆၇-၄၀၈၄၁၁ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။ AMM(IT)
Background