Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တစ်ဧက တင်း ၂၀၀ ကျော်ထွက်ရှိမယ့် ပုလဲသွယ်စပ်မျိုးစပါး ဧက ၁၀၀ မျိုးစေ့ထုတ်မြေနေရာအား တိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီးမှ ကွင်းဆင်းကြည့်ရှု

Tue, 12/13/2011 - 04:50 -- Anonymous (not verified)

    ဧရာဝတီတိုင်းဒေသကြီး  အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက် အရ တစ်ဧကတင်း ၂၀၀ ကျော်ထွက် ရှိမယ့် ပုလဲသွယ်စပ်မျိုးစပါး ဧက ၁၀၀ မျိုးစေ့ထုတ်မြေနေရာအား ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပျဉ်ချ ဆိပ်ကျေးရွာတွင်ပြုလုပ်ရန် ရွေးချယ် ထားရာ ဧရာဝတီတိုင်းဒေသကြီး စိုက် ပျိုးရေးဝန်ကြီး ဦးတင်ဦးမှ ဒီဇင်ဘာ ၄ ရက် နံနက်က အဆိုပါနေရာသို့ ကွင်း ဆင်းကြည့်ရှုခဲ့ရာ ဝန်ကြီးအား ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ တိုင်း ဒေသကြီး  လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်း၊   မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေး ဒုဦးစီးမှူး၊ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ် ရေး၊  မြို့နယ်မန်နေဂျာ (TPIS တာဝန် ခံ) မြေစာရင်း၊ စိုက်ပျိုးရေး၊ စိုက်ပျိုးရေး ဘဏ် စတဲ့ မြို့နယ်စိုက်တိုးမြင့် အဖွဲ့ များနဲ့ ဒေသခံတောင်သူများမှ ကြို ဆိုခဲ့ကြပါတယ်။ ယင်းမျိုးစေ့ထုတ်စိုက်ပျိုးမယ့် ဧက ၁၀၀ အား ဒေသခံတောင်သူ ၃၄ ဦးမှ စုပေါင်းလုပ်ကိုင်မှာဖြစ်ရာ   ဝန်ကြီးမှ ယခုကဲ့သို့   ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ဧက ၁၀၀ မျိုးစေ့ ထုတ်စပါးစိုက်ပျိုးမယ့်  တောင်သူများ အား ကြိုဆိုပါကြောင်း၊ ယခုစိုက်ပျိုးမဲ့ ပုလဲသွယ်စပ်မျိုးစပါးဟာ  အထွက်နှုန်း ကောင်းမွန်ခြင်း၊ စားသုံးရာတွင်လည်း ကောင်းမွန်ခြင်း၊ ဈေးနှုန်းကောင်းမွန် ခြင်းများရှိကြောင်း၊ ယခုစိုက်ပျိုးမဲ့ မြေ နေရာဟာ ဒါးကချောင်းအနီး လျှပ်စစ် မြစ်ရေတင် နွေစပါးစိုက်ပျိုးသော မြေ နေရာဖြစ်လို့ ရေပေးဝေတဲ့မြောင်းမကြီး၊ လယ်သွယ်မြောင်းများ  အဆင်သင့်ရှိပါ ကြောင်း၊ ၎င်းင်းတို့ကို ပြန်လည်မွမ်းမံခြင်း၊ ဧကကွက်များဖော်ထုတ်ခြင်း၊ ကုန်ထုတ် လမ်းများ ဖောက်လုပ်ခြင်းများကို လုပ် ဆောင်ရမှာဖြစ်ပါကြောင်း၊ မိမိတို့ဘက် မှလည်း သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသွားမှာ ဖြစ် ပါကြောင်း၊ ယခုမြေနေရာအား တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အတည်ပြုပါက တောင်သူများ မတ်ပဲပေါ်ချိန် မတ်လ ခန့်မှစတင်၍ လုပ်ငန်းများ အကောင် အထည်ဖော်   ဆောင်ရွက်မှာဖြစ်ပါ ကြောင်း၊ မိမိမြို့နယ်အတွင်း  အထွက် ကောင်းမျိုးများကို စိုက်ပျိုးနိုင်ခြင်းဖြင့် ယခင်ထက် ပိုမိုအကျိုးအမြတ် ရရှိနိုင် ပြီး၊ လူနေမှုဘဝလည်း ပိုမိုတိုးတက် မြင့် မားလာမှာဖြစ်ရာ  အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါ ကြောင်း  ပြောကြားခဲ့တယ်လို့  သိရ ပါတယ်။                      စိုးဦး