Main menu

Background

မန်းမြေကွက်များ အရောင်းသွက်၍ မြေပေါင်သူနည်းလာ

Tue, 12/13/2011 - 04:52 -- Anonymous (not verified)

မန္တလေးမြေကွက်များ အရောင်းသွက်၍ မြေပေါင်နှံသူ မရှိသ လောက် နည်းလာကြောင်း သိရပါတယ်။ "မြေဈေးကွက်က ရှေ့အလား အလာကောင်းတယ်။ ဒီအချိန်မှာ ဝယ်တဲ့သူရော၊ ရောင်းတဲ့သူရော၊ အကျိုး ဆောင်ရော အားလုံးအလုပ်ဖြစ်တဲ့ အချိန်ပဲ။ မြေဈေးကလည်း တက်၊ အရောင်းအဝယ်ကလည်းေ ကာင်းတဲ့အတွက် မြေပေါင်နှံသူ အလိုလို နည်းလာတယ်။ ဝါမကျွတ်ခင်ကဆို စီးပွားရေးအခြေအနေအရ မြေပေါင် နှံတဲ့သူ အရမ်းများခဲ့တာ။ အခုအချိန်မှာ ကိုယ့်မြေကွက်ကိုရောင်းလိုက် ရင် တန်ဖိုးနည်းတဲ့နေရာမှာ ပြန်ဝယ်လို့ရတော့ ရင်းနှီးဖို့အတွက် ကိုယ်လိုတဲ့ ငွေကြေးလဲရ၊ မြေလည်းပြန်ဝယ်နိုင်တယ်။ ဒါကြောင့် မြေပေါင်မယ့်အစား ရောင်းမယ့်သူ များလာတာ။ ငွေလိုပေမယ့်လည်း မြေရောင်းလိုက်ရင် အရှုံးမရှိတဲ့ အခြေအနေဖြစ်တယ်"လို့ မြေအကျိုးဆောင်က ပြောပါတယ်။ မန္တလေးမြေဝယ်သူများမှာ မန္တလေးမြို့မှလုပ်ငန်းရှင်များနဲ့ နယ်စုံမှ လုပ်ငန်း ရှင်များသာမက တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များကလည်း ဒေသခံ တရုတ်များမှတစ်ဆင့် ဝယ်ယူမှုရှိကြောင်း သိရပါတယ်။ မန္တလေးမြို့ရဲ့ အနေအထားက စီးပွားရေးမှာ ကူးသန်းရောင်းဝယ်ဖို့ အဓိကအချက်အချာကျတဲ့ နေရာဖြစ်တော့ လုပ်ငန်းရှင်များက စိတ်ဝင်စား ကြပါတယ်။ အခုနှစ် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာမှာ နှစ်ကုန်ပိုင်း ဈေးကွက်အခြေအနေက နှစ်စပိုင်းထက် နှစ်ဆဈေးမြင့်တက်လာပြီး မြို့ တွင်းပိုင်းမှ ယခုနှစ်အတွင်း အမြင့်ဆုံးတန်ဖိုး ကျပ်သိန်း ၃၀၀၀၀ ထိ လည်းကောင်း၊ မြို့သစ်ပိုင်းတွင် အမြင့်ဆုံးတန်ဖိုး ကျပ်သိန်း ၁၀၀၀၀ ကျော် ထိလည်းကောင်း အရောင်းအဝယ်များရှိခဲ့ကြောင်း သိရပါတယ်။  ဇူးဇူး