ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှအပ ကျန်မြို့နယ်များမှာ ကြံစိုက်ပျိုးကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ် ချက်ကြံရင့် စိုက်ဧက ၁၈၀၀၀ ခန့် စိုက်ပျိုးပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးခဲ့ရာ ဧက ၅၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးရခြင်းမှာ နှမ်း၊ ပဲစင်းငုံအစား တွက်ခြေကိုက်တဲ့ ကြံစိုက်ပျိုးလာခြင်း၊ ယခင်နှစ်တွင် ကြံချောင်း တစ်တန် ၅၀၀၀၀ ကျပ်နဲ့ တောင် သူများ အကျိုးအမြတ်များစွာရရှိခြင်းတို့ကြောင့် ပိုမိုစိုက်ပျိုးလာတယ်လို့ သိရပါ တယ်။ ယခုနှစ် ကြံကို ဒီဇင်ဘာလဆန်းမှစပြီး ကြံများစတင်ခုတ်သိမ်းလျက်ရှိရာ ကြံချောင်းတစ်တန် ကျပ် ၅၀၀၀၀၊ တင်လဲရည် ၃၀ ံတစ်ပီပါ ကျပ် ၅၅၀၀၀၊ သကြားတစ်ပိဿာ ကျပ် ၁၁၀၀ ဖြင့်ဈေးကွက်ကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ကြံစိုက်တောင်သူများထံမှ သိရပါတယ်။ ရွှေခင်
Background