Main menu

Background

ဈေးမြင့် အရောင်းအဝယ်သွက်တဲ့ မန်းပြောင်းဈေးကွက်

Tue, 12/13/2011 - 04:54 -- Anonymous (not verified)

     မန်းပြောင်းဈေးကွက်မှာ နိုဝင်ဘာတစ်လလုံး ပြောင်းရှမ်းတစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်းဗမာ ၂၅၉ ကျပ်၊ ပြောင်းစီပီ ၂၆၉ ကျပ်တို့ဖြင့် အမြင့်ဆုံး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ပထမပတ်မှာ မန်းပြောင်း ဈေးကွက်သို့ တိုင်းဒေသကြီးအတွင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊  ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အဝင်သွက်လျက်ရှိပါတယ်။ ဈေးကွက်ကို တရုတ်လိုင်းသမားများ အစာစပ်လုပ် ငန်းရှင်များနဲ့ လှောင်လက်အချို့ ဝယ်လိုအားကောင်းတယ်လို့ သိရပါတယ်။ ပြောင်းအစိုဓါတ်ပေါ်မူတည်ပြီ ဈေးနှုန်းအနိမ့်၊ အမြင့်နဲ့ အရောင်း အဝယ်ဖြစ် ကာ ဒီဇင်ဘာလ ပထမပတ်မှာ ပြောင်းရှမ်းတစ်ပိဿာ ၂၇၈ ကျပ်၊ ပြောင်းဗမာ ၂၇၂ ကျပ်၊ ပြောင်းစီပီ ၂၇၈ ကျပ်ဖြင့် အမြင့်ဆုံးအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ ပြောင်းဖူးစေ့များ အစိုဓါတ် ပါဝင်မှုနည်းလာကြောင်းနဲ့ မန်းမူဆယ်  ကားသယ်ယူခမှာ တစ်ပိဿာ ၆၈ ကျပ် - ၉၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။                                                  တင်အောင်