Main menu

Background

ကျပ်ငွေ နှစ်သိန်းပေးသွင်းပြီး ငါးသိန်းတန်ဖုန်းများကို လစဉ်အရစ်ကျပေးသွင်းစနစ်ဖြင့် 3 STAR MOBILE မှ ဝန်ဆောင်မှုပေးနေပြီ

Tue, 12/13/2011 - 04:56 -- Anonymous (not verified)

     ပုသိမ်မြို့၊ ကမ်းနားလမ်းနဲ့ ရွှေ စေတီလမ်းထောင့်မှာရှိတဲ့   3 STAR  MOBILE  အထွေထွေအကျိုးဆောင် လုပ်ငန်းမှ  ငါးသိန်းတန် GSM, CDMA 450 MHz, CDMA 800 MHz   ဖုန်းများကို ကျပ်ငွေနှစ်သိန်းရှိရင် ကျန်ငွေကို လစဉ် အရစ်ကျပေးသွင်း စနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ ဖုန်းဝယ်ယူသူများမှ ငွေ ကျပ်နှစ်သိန်းပေးသွင်းရင်  ဆိုင်နာမည် ပေါက်ဖုန်းကတ်   ထုတ်ပေးလျက်ရှိ ကြောင်း၊  မိမိအမည်ပေါက်ဆိုပါက ဝန်ဆောင်မှုအတွက် ကျပ်တစ်သောင်း ပိုပေးရကြောင်း သိရပါတယ်။ ကျန်ငွေ ကို လစဉ်  လေးကြိမ်ပေးသွင်းရပြီး၊ ဖုန်းဈေးအတက်အကျပေါ် မူတည်ပြီး တစ်ကြိမ်ကို တစ်သိန်း၊ ကိုးသောင်းခွဲ၊ ကိုးသောင်းကျပ်ကို ဝယ်ယူသူက ပေး သွင်းရပြီး၊ ငွေအကြေပေးချေပြီးမှသာ ဖုန်းစာချုပ်ကို ပိုင်ရှင်ထံကို ပြန်လည် ပေးအပ်ကြောင်း 3 STAR  အထွေထွေ အကျိုးဆောင်လုပ်ငန်းမှ ပြောကြားပါ တယ်။ပုသိမ်မြို့ပေါ်နဲ့ ကန်ကြီးထောင့်မြို့ နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့ နယ်၊ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ချောင်းသာ၊ ငွေဆောင်၊ သလပ်ခွာကျေးရွာများမှလည်း   လာ ရောက်ဝယ်ယူလျက်ရှိသလို အသေး စားလုပ်ငန်းရှင်များ၊ ပွဲစား၊ ဝန်ထမ်း များလည်း လာရောက်ဝယ်ယူလျက်ရှိ ကြောင်း သိရပါတယ်။မင်းမင်းဦး