Main menu

Background

ယူရိုဇုန်အခက်အခဲကို အာရှနိုင်ငံတွေပါ ရင်ဆိုင်နေရ

Tue, 12/13/2011 - 05:34 -- Anonymous (not verified)

    ယူရိုဇုန်ကသောင်းကနင်းဖြစ်မှုက ကမ္ဘာ့စီးပွားရေးကို အကျပ်အတည်းအတွင်းသိ့ု ဆွဲချသွားအောင် ခြိမ်းခြောက် နေတဲ့အတွက် တရုတ်အပါအဝင် အရှေ့အာရှနိုင်ငံများ အတွက် ၂၀၁၂ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကို အာရှ ဖွံ့ဖြိုးရေးဘဏ်က ဒီဇင်ဘာ ၆ ရက်က လျှော့ချခန့်မှန်းခဲ့ပါ တယ်။အာဆီယံအပါအဝင်တရုတ်၊ဟောင်ကောင်၊ တောင် ကိုရီးယားနဲ့ တရုတ်(တိုင်ပေ) တို့ရဲ့ စီးပွားရေးတိုးတက်နှုန်း ကို ၇ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့  မနီလာအခြေစိုက် အေဒီဘီဘဏ်က  စက်တင်ဘာလမှာ  ခန့်မှန်းခဲ့ပေမဲ့ ယခုတော့ ၇ ဒသမ ၂ ရာခိုင်နှုန်းပဲရှိမယ်လို့  လျှော့ချခန့် မှန်းခဲ့ပါတယ်။ အေဒီဘီဘဏ်က ဥရောပနဲ့ အမေရိကန် စီးပွားရေးယိုယွင်းမှုကြောင့် လာမဲ့နှစ်မှာ ဂျပန်အပါအဝင် အရှေ့အာရှရဲ့ စီးပွားရေးကို မူလက ၅ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထား ရာမှ ၁ ဒသမ ၂ ရာခိုင်နှုန်း လျှော့ချ ပြီး ၄ ဒသမ ၂ ရာခိုင်နှုန်းပဲရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။    "အမေရိကန်နဲ့ ယူရိုဇုန်ရဲ့ အဆိုးဝါးဆုံးအခြေအနေ က စီးပွားရေးဆုတ်ကပ်ထဲကို ပြန်ကျနိုင်ပြီး ကမ္ဘာ့ စီးပွား ရေးကို နက်ရှိုင်းစွာထိုးဆင်းသွားစေနိုင်တယ်"လို့ အေဒီဘီရဲ့ ဒေသဆိုင်ရာ စီးပွားရေးအခြေအနေကို ခန့်မှန်းထားပါ တယ်။    အဓိကကျဆင်းမှုဖြစ်နိုင်တဲ့ အန္တရာယ်ထဲမှာ ဥရောပ နဲ့ အမေရိကန်ပြည်ထောင်စုစီးပွားရေးဆုတ်ကပ်ထဲသို့ ကျ ဆင်းခြင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှုမြင့်တက်ခြင်းနဲ့ ငွေကြေးဖောင်းပွမှုဖြစ်ခြင်းတို့ ပါဝင်မယ်လို့ဆိုပါတယ်။ အကယ်၍ ယူရိုဇုန်ဒုက္ခက ကမ္ဘာ့စီးပွားရေးကို အပြည့်အ၀ ရိုက်ခတ်မဲ့အကျပ်အတည်းဖြစ်လာရင် အရှေ့အာရှအပေါ် မှာ ရိုက်ခတ်မှုပြင်းထန်ပေမဲ့ အစိုးရတွေ ပြတ်ပြတ် သားသားနဲ့ တက်ညီလက်ညီတုံ့ပြန်ရန် ထိန်းနိုင်သိမ်းနိုင် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။Source:economictimes.indiatimes.com