Main menu

Background

ပုသိမ်ခရိုင်တွင် ဒေသမျိုးထက် အထွက်နှုန်းကောင်းမွန်သော ပျဉ်းမနားရေဆင်း-၂ ပဲမျိုး ပြောင်းလဲစိုက်ပျိုး

Tue, 12/13/2011 - 05:34 -- Anonymous (not verified)

            ပုသိမ်ခရိုင်အတွင်း  ပဲစိုက်ပျိုးလျက်ရှိတဲ့ ဘဲဂရက်ကျေးရွာ၊ မိချောင်းတစ်ရာ၊ ကွင်းရားအရှေ့၊ ထန်းပင်၊ ကြူတန်း၊ ကံကုန်း၊ ဆပ် ကွင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသမျိုးထက် အထွက်နှုန်းကောင်းသော ပျဉ်းမနားရေဆင်း-၂ ပဲမျိုးကို ပြောင်းလဲစိုက် ပျိုးလျက်ရှိကြောင်း သိရပါတယ်။ဘဲဂရက်ကျေးရွာတွင် ပဲမျိုးဖြန့်ဖြူး၍ ပဲစိုက်ပျိုးသော တောင်သူ ဦးမောင်မောင်ခင်က ပျဉ်းမနားရေဆင်း-၂ ပဲမျိုးကို ၂၀၁၀-၁၁ ပဲရာသီမှ စပြီး ပြောင်းလဲစိုက်ပျိုးရာမှာ ယခင်ဒေသမျိုးထက် ၃၊ ၄ တင်း အထွက် နှုန်းပိုကြောင်း၊ ယခုနှစ်တွင်လည်း ပျဉ်းမနားရေဆင်း-၂ ပဲမျိုးကို စိုက်ပျိုး လျက်ရှိကြောင်းသိရပါတယ်။ ယခင်နှစ်တွင် မျိုးပဲ ၃ တင်းမှာ ၇၈၀၀၀ ကျပ်ဈေးနှုန်းရှိသော်လည်း ယခုနှစ်တွင် မျိုးပဲ ၃ တင်းဈေးမှာ ၄၃၀၀၀ ကျပ်  ဈေးနှုန်းလျော့ကျမှုရှိကြောင်း  သိရပါတယ်။ မတ်ပဲစိုက်ပျိုးချိန် မိုးမရွာတဲ့အတွက် ပဲများစောစောစိုက်ပျိုးနိုင်ပြီး၊ နှင်းကျအစိုဓာတ်များရင် ပဲအထွက် ကောင်းမှာဖြစ်ကြောင်းသိရပါတယ်။ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS  ဝန်ထမ်း များဟာ ဆန်ပြီးရင် ပြည်ပဝင်ငွေအများဆုံးရရှိနေတဲ့ ပဲစိုက်တောင်သူ များကို အထွက်နှုန်းကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် တောင် သူများ ဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း၊ အချိန်မီ စိုက်ပျိုးနိုင်ရန် အတွက် စက်များကို များများအသုံးပြုရန်လိုအပ်ကြောင်း၊ စပါးစိုက်ပျိုး ရာထက် ဝင်ငွေများများရရှိပြီး ၃ လပတ်ဝန်းကျင်ဖြင့် စိုက်ပျိုးထွက်ရှိတဲ့ ပဲများကို ပိုမိုစိုက်ပျိုးနိုင်အောင် အဆိုပါဒေသများသို့ ကွင်းဆင်း ရှင်း လင်းပြောကြားခဲ့ကြောင်းသိရပါတယ်။  မင်းမင်းဦး