Main menu

Background

ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုဒဏ်ခံရသော လုပ်သား သုံးသိန်းကျော် အလုပ်ပြန်ရ

Tue, 12/13/2011 - 05:38 -- Anonymous (not verified)

    ရေများပြန်ကျပြီးချိန်မှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ ရေလွှမ်းမိုးခံခဲ့ရတဲ့ စက်ရုံများတွင် လုပ်သား ၃၄၀၀၀၀ ကျော်ကို အလုပ်ရှင်များကအလုပ်ပြန်ပေးထားပြီးဖြစ်ကြောင်း အလုပ်သမားကာကွယ်ရေးနဲ့ သက်သာချောင်ချိရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် အားသစ်အစ္စမိုက ဒီဇင်ဘာ ၂ ရက်ကပြောပါတယ်။ ပြည်နယ် ၃၁ ခုမှာရှိတဲ့ ရေနစ် မြုပ်ခံရတဲ့ စက်ရုံ ၁၄၇၄၉ ရုံမှာ ယခုအခါထုတ်လုပ်မှုတွေ ပြန်လည်ဆောင်ရွက်နေပြီး လုပ်သား ၃၄၁၂၈၅ ဦးကို အလုပ်ပြန်ဆင်းခိုင်းထားပြီလို့ သူကပြောပါတယ်။    ဒါပေမဲ့ရေလွှမ်းမိုးဒဏ်ခံရတဲ့ စက်မှုနယ်မြေတွေမှာရှိတဲ့ မော်တော်ကားအစိတ် အပိုင်း ထုတ်လုပ်ရေးစက်ရုံ ၃၉ ရုံကို ပိတ်ထားပြီး လုပ်သား ၁၀၉၅၇ ဦးကို အလုပ်ရပ်စဲထားပြီးဖြစ်ပါတယ်။ ၃၉ ရုံအနက် အယုဒ္ဓယမှာ စက်ရုံ ၃၀ ၊ပထန်သနီမှာ ၆ ရုံ၊ချာကိုအန်ဆောမှာ ၂ ရုံနဲ့ ဆာရာဘူရီမှာ ၁ ရုံရှိပါတယ်လို့ အားသစ်က ပြောပါတယ်။        အလုပ်ရပ်စဲခံရတဲ့ အလုပ်သမားတွေကို ကူညီဖို့အတွက် မိတ်ဆွေအချင်းချင်း ကူညီမှု "Friends Help Friends"   အစီအစဉ်ကို ချမှတ်ဆောင်ရွက်ပြီး အစီ အစဉ်အရ ရေလွှမ်းမိုးမှုမခံရတဲ့ ပြည်နယ်တွေမှာရှိတဲ့ စက်ရုံတွေမှာ နှစ်လက သုံးလ အလုပ်ပေးထားမှာဖြစ်ပါတယ်။ ပြည်နယ် ၄၆ ခုမှာ ရှိတဲ့ စက်ရုံ ၅၉၉ ရုံက အလုပ်အ ကိုင် ၇၁၁၂ ခုကို ဖန်တီးထားပါတယ်။ ယခုအချိန်ထိ ဒီအစီအစဉ်က ခန့်ထားတဲ့ လုပ်သား ၁၁၇၇၅ ဦးရှိပါတယ်။Source:bangkokpost.com