Main menu

Background

တောင်ကိုရီးယားက လာမယ့်နှစ်မှာ အလုပ်အကိုင်သစ် ဖော်ထုတ်မှု ထက်ဝက် ကျဆင်းမယ်

Tue, 12/13/2011 - 05:38 -- Anonymous (not verified)

    ဥရောပဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဖြစ်ပွားမယ့် စီးပွားရေးဆုတ်ကပ်က ပျံ့နံှ့လာတဲ့အတွက် တောင်ကိုရီး ယားမှာ အသစ်ခန့်အပ်မယ့်အလုပ်သမား အရေအတွက် က လာမဲ့နှစ်မှာ ထက်ဝက်ကျဆင်းမယ်လို့ ပြည်တွင်း ဉာဏ်ကြီးရှင်များအဖွဲ့တစ်ခုက ပြောပါတယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အလုပ်အကိုင်ခန့်ထားမှုကျဆင်း တဲ့အတွက် စားသုံးမှုကို လျော့ကျစေပြီး စီးပွားရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ ကြောင့်အလုပ်အကိုင်လုံခြုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ယခင်နှစ်က အလုပ်အကိုင် ခန့် ထားမှုက ၃၂၃၀၀၀ ဦး ဖြစ်ပြီး ယခုနှစ်မှာ ပထမ ၁၀ လအတွင်း အလုပ်အကိုင်ရရှိသူ ၄၀၇၀၀၀ ဦးရှိပါတယ်။ ဆမ်ဆောင်းစီးပွားရေး သုတေသနအဖွဲ့က  လာမဲ့နှစ်မှာ အလုပ်အကိုင် ၂၄၀၀၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အလုပ်အကိုင်သစ်ဖော် ထုတ်နိုင်မှုကျဆင်းတာက စီးပွား ရေးကျဆင်းမှုကိုဖြစ်စေပြီး ပြည်သူ့ကဏ္ဍမှာ အလုပ် အကိုင်နည်းမယ့် သဘောရှိပါတယ်။    ကုန်ထုတ်လုပ်သူတွေက အလုပ်သမားငှားရမ်းခန့် ထားမှုနည်းတဲ့အတွက် အလုပ်အကိုင် ၂၆၀၀၀၀ သာတိုး တက်မယ်လို့  Daishin Economic Research Institute   က ခန့်မှန်းပါတယ်။လ ကအလုပ်အကိုင်ခန့်ထားမှု ကို ၂၀၀၀၀ ရှိမယ် လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အလုပ်အကိုင်တွေပိုမို ဖန်တီးဖို့ အစိုးရရဲ့မူဝါဒတွေ ချမှတ်ပြီး တဲ့နောက် ၂၅၀၀၀ ကနေ ၃၀၀၀၀ အထိရှိမယ်လို့ တိုးမြှင့်ခန့်ထားခဲ့ပါ တယ်။    အလုပ်အကိုင်တွေက ကျန်းမာရေး နဲ့ သက်သာချောင် ချိရေး နယ်ပယ်တွေမှာတိုးတက်မှုရှိလိမ့်မယ်။ စီးပွားရေးအ ရကြည့်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေနည်း မယ့် အခြေအနေရှိပေမဲ့ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းတွေ မှာ အလုပ်အကိုင်တွေဖန်တီးဖို့ ချမှတ်ထားတဲ့ အစိုးရမူဝါဒ တွေက လာမယ့်နှစ်မှာ အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ LG  မှ သုတေသီယွန်းဆန်ဟွာက ပြောပါတယ်။Source:koreaherald.com