ဗြိတိန်နိုင်ငံရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းမ ပေးဘူးဆိုရင် ကြွေးမြီအကျပ်အတည်းကနေ ယူရိုငွေကြေး ကို ကယ်တင်ဖို့ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ သဘောတူစာချုပ်သစ်ကို တားဆီးသွားမှာ ဖြစ်ပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဒီဇင်ဘာ ၆ ရက်က ခြိမ်းခြောက်ပြောကြားပါတယ်။ ဗြိတိန်နိုင်ငံက အသုံးမပြုတဲ့ ယူရိုငွေကြေးအကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့အီးယူတစ်ခုလုံးအကျုံးဝင်တဲ့ သဘောတူ စာချုပ်သစ်ကို သူလက်မှတ်ရေးထိုးရမယ်ဆိုရင် ဗြိတိန် နိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍနဲ့ ဥရောပတစ်ခုတည်းသော ဈေး ကွက်ကို ကာကွယ်ရမှာဖြစ်ကြောင်း သူကပြောပါတယ်။ သူ့ရဲ့ခြိမ်းခြောက်မှုကြောင့် စာချုပ်ကိုပြန်လည်ပြင် ဆင်ဖို့ အဆိုပြုခဲ့တဲ့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့က ယူရိုငွေ ကြေးကိုသုံးစွဲတဲ့ ၁၇ နိုင်ငံသာ သဘောတူညီချက်ကို လက် မှတ်ထိုးဖို့ တွန်းအားပေးလာနိုင်ပြီး ၂၇ နိုင်ငံစလုံးပါဝင်လာ မှာ မဟုတ်တဲ့ အခြေအနေကိုရောက်ရှိမယ့် လက္ခဏာရှိပါ တယ်။ပိုမိုကျယ်ပြန့်တဲ့ ယူရိုဇုန်ပေါင်းစည်းရေးကို ရရှိနိုင် အောင် အီးယူသဘောတူစာချုပ်ကို ပြင်မယ်ဆိုရင် အဖွဲ့ ဝင်နိုင်ငံအားလုံး သဘောတူဖို့လိုအပ်ပါမယ်။ ယခုသီတင်းပတ်အတွင်း ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ ဥရောပ ခေါင်းဆောင်များရဲ့ ထိပ်သီးအစည်းအဝေးမှာ သူ့ရဲ့ အဓိကရည်ရွယ်ချက်က ဗြိတိသျှအကျိုးစီးပွားကို ကာကွယ် တိုးမြှင့်သွားဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။ Source:AFP
Background
