Main menu

Background

နိုကီယာအိန္ဒိယက လူငယ်တွေအပေါ် ဦးတည်ချက်ထား

Tue, 12/13/2011 - 05:48 -- Anonymous (not verified)

    စမတ်လုပ်ငန်းများမပေါ်မီအထိ ဖင်လန်ကုမ္ပဏီ နိုကီယာက အိန္ဒိယ မိုဘိုင်းဖုန်းဈေးကွက်မှာ ဦးဆောင်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိ ကန် CDMA (Code Division Multiple Access) ကို ဥရောပ GSM (Global System for Mobile) နည်းပညာက ပြတ်ပြတ်သား သားကျော်တက်လာချိန်မှာ နိုကီယာက  ကမ္ဘာ့မိုဘိုင်းဈေးကွက်ကို ဦး ဆောင်လာခဲ့ပါတယ်။ စမတ်ဖုန်းများ တိုးတက်ထွန်းကားလာချိန်မှာ ဈေး ကွက်လှုပ်ရှားမှုစွမ်းအားက တစ်မျိုးတစ်ဖုံပြောင်းသွားပါတယ်။ ဈေးကွက် က အဆက်မပြတ်ပြောင်းလဲလာပါတယ်။    အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံကိုကျော်တက်ပြီး လူငယ်ဈေးကွက်က ကမ္ဘာမှာအကြီးဆုံးဖြစ်နေပါတယ်။ သူတို့နဲ့ ဆက်သွယ်ပတ်သက်နေတဲ့ စမတ်ဖုန်းနဲ့ တခြားအပလီကေးရှင်းတွေက တောမီးပမာပျံ့နှံ့လာပါတယ်။ လာမဲ့နှစ်တွေမှာ နိုကီယာက သူ့ရဲ့စွမ်းအင်တွေကို လူငယ်တွေအတွက် ဦးတည်သုံးစွဲသွားမှာဖြစ်ပါတယ်။ Samart and Touchအမျိုးအစား ဖုန်းတွေက ၄၆ ရာခိုင်နှုန်းတိုးတက်နေပါတယ်။ မိုဘိုင်းလုပ်ငန်းအတွက် အပလီကေးရှင်း အရေအတွက်တွေကလည်း တစ်နေ့ထက်တစ်နေ့ တိုး တက်နေပါတယ်လို့ နိုကီယာအိန္ဒိယရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒီရှီဗား ကူးမားက ပြောပါတယ်။         "နိုကီယာကတီထွင်ဆန်းသစ်မှုနဲ့ စီးပွားရေးမိုဒယ်သစ်ကို အသုံးပြုပြီး ဈေးကွက်ရှယ်ယာကို ချဲ့ထွင်သွားပါမယ်။ မိုဘိုင်းအပလီကေးရှင်း ဈေးကွက်မှာ ဂိမ်းနဲ့ မြူးဇစ်တွေက တွင်ကျယ်နေပါတယ်။ နိုကီယာက ကျန်းမာရေးစောင့်ရှောက်မှုလယ်ယာစိုက်ပျိုးရေး၊ ပညာရေးနဲ့ ဘဏ်လုပ် ငန်းလို အသုံးချအပလီကေးရှင်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်နေပါတယ်။ ဒါကလည်း ကိုယ်ကထိုးဖောက်နေရတဲ့ စီးပွားရေး ကနေ စားသုံးသူဈေးကွက်ဖြစ်လာအောင် လှုပ်ရှားနိုင်မှဖြစ်ပါမယ်။ လူတွေ ရဲ့ လိုလားလက်ခံတဲ့အပိုင်းကို တိုးမြှင့်ပေးရပါမယ်"လို့ ရှီဗာကူးမားက ပြောပါတယ်။    ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ဈေးကွက်ရဲ့ ၁၃ ဒသမ ၄ ရာခိုင်နှုန်းထိ အိန္ဒိယနိုင်ငံက ရောက်လာလိမ့်မယ်လို့ သူကပြောပါတယ်။ ယနေ့အချိန်မှာ အိန္ဒိယရဲ့ ဈေးကွက်အင်အားက ၁ ဒသမ ၄ ဘီလီယံရှိပါတယ်။Source:economictimes.indiatimes.com