နိုင်ငံခြားသားဝယ်လက်များအတွက် ဦးတည်ပြီး အစိုးရကချမှတ် ဆောင်ရွက်တဲ့ အစီအမံတွေကြောင့် စင်ကာပူပုဂ္ဂလိက အိမ်ဈေးနှုန်းတွေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ လေ့လာဆန်းစစ်သူတွေက ဒီဇင်ဘာ ၉ ရက်က ပြောပါတယ်။ ဈေးနှုန်းတွေ ဒီလောက်ကျဆင်းတာ ဟာ ၂၀၀၈-၂၀၀၉ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကာလက ကျဆင်းပုံနဲ့ တူညီနေတယ်လို့ Strait Times နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။Source: xinhua
Background