Main menu

Background

ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ဖို့ အိန္ဒိယ အရှေ့မြောက်ဒေသမှာ အခြေခံ အဆောက်အဦပြင်

Tue, 12/13/2011 - 05:52 -- Anonymous (not verified)

    အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ကို အရှေ့မြောက်ပြည်နယ်များမှ တစ်ဆင့် တိုးမြှင့်ရေးကို ထိပ်ဆုံးဦးစား ပေးအဖြစ်ထား ပြီး မော်တော်ကားလမ်း ဆက်သွယ်မှုအပါ အဝင် အခြေခံအဆောက်အဦ  တိုးတက် ကောင်းမွန်ရေးကို ဆောင်ရွက်နေကြောင်း မီဇိုရမ်အရာရှိတစ်ဦးက ဒီဇင်ဘာ ၉ ရက်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တကောင်း တောင်တန်းဒေသရေးရာဝန်ကြီး ဒီပန်ကာ တာလူဒါနဲ့ မီဇိုရမ်ပြည်နယ်  ဝန်ကြီးချုပ် လာသန်ဟောလာတို့က   အရှေ့မြောက် ဒေသမှတစ်ဆင့်   ကုန်သွယ်ရေးအလား အလာများကို ဆွေးနွေးကြတယ်လို့ ဆိုပါ တယ်။Source: southasianews.com