ဥရောပကြွေးမြီအကျပ်အတည်းကိုဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ ဘဏ္ဍာ ရေးကဏ္ဍများကို စုစည်းထားဖို့ ရေးဆွဲထားတဲ့ သဘောတူစာချုပ်ကို ယူရိုငွေကြေးသုံးသော နိုင်ငံ၁၇နိုင်ငံနဲ့ အခြားဥရောပသမဂ္ဂမိတ်ဖက်နိုင်ငံ တို့က ဒီဇင်ဘာ ၉ ရက်က သဘောတူခဲ့ကြပါတယ်။ သဘောတူစာချုပ် မူကြမ်းအပြင် ကာလရှည်ကြာစွာ ကြွေးမြီ ပြဿနာနဲ့ လုံးထွေးနေရသော ဥရောပ နိုင်ငံများကို ကူညီဖို့ပါ သဘောတူပါတယ်။ ယခုသဘောတူ ညီမှုက ယူရို ဧရိယာအတွက် ကောင်းမွန်တဲ့ ရလဒ်ဖြစ်တယ်လို့ ECB ဥက္ကဋ္ဌ မာရီယိုဒရက်ဂီက ပြောပါတယ်။ Source: AP
Background