Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Tue, 12/13/2011 - 06:00 -- Anonymous (not verified)

    ဥရောပငွေကြေးအကျပ်အတည်း က ဥရောပဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို စတင်ဂယက်ရိုက်ခတ်လာတဲ့ လက္ခဏာ တွေကို တွေ့ရတဲ့အတွက် ယခုသီတင်း ပတ်အတွင်းမှာ အိန္ဒိယရူပီးနဲ့ တောင် ကိုရီးယားဝမ်တို့က ဦးဆောင်ပြီး အာရှ ငွေကြေးတွေ တန်ဖိုးကျဆင်းခဲ့ပါတယ်။  မလေးရှားနိုင်ငံကလည်း အောက်တိုဘာ မှာ ပို့ကုန်တွေကျဆင်းခဲ့တယ်လို့ အစီ ရင်ခံစာထွက်ပေါ်ခဲ့သလို ဂျပန်နိုင်ငံမှာ လည်း စီးပွားရေးဖွံ့ဖြိုးနှုန်းက လွန်ခဲ့တဲ့ သုံးလပတ်က ကနဦးခန့်မှာ ထားတာ ထက် ကျဆင်းခဲ့ပါတယ်။တရုတ်ယွမ်    တရုတ်နိုင်ငံခြားငွေဖလှယ်ရေးနဲ့ ရောင်းဝယ်ရေးအိပ်ချိန်းရဲ့ ထုတ်ပြန် ချက်အရ ယွမ်ငွေကြေးတန်ဖိုးက ဒီဇင်ဘာ ၉ ရက်မှာ သုည ဒသမ ၃၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို  ၆ ဒသမ ၃၃၅၂ ယွမ်နှုန်းရှိခဲ့ပါတယ်။    တရုတ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု က ၁၄ လအတွင်း အနိမ့်ဆုံးသို့ရောက် ရှိခဲ့ပြီးနောက် တရုတ်မူဝါဒရေးဆွဲသူတို့ က တရုတ်ငွေကြေးမြင့်တက်တာကို နှေးကွေးအောင် လုပ်လိမ့်မယ်လို့ ယူဆ ကြတဲ့အတွက်ယခုရက်သတ္တပတ်အတွင်း မှာ တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းခဲ့ပါ တယ်။ အပြင်ကို စီးထွက်သွားတဲ့ မတည် ရင်းနှီးငွေများပြားတဲ့အတွက် ရေတိုမှာ ယွမ်ငွေတန်ဖိုးကျဆင်းမယ့် အန္တရာယ်ရှိမယ်လို့ နိုင်ငံတော်ပြန်ကြား ရေးစင်တာမှ ချန်မိုနန်က ဂျာနယ်တစ် ခုမှာ ဒီဇင်ဘာ ၉ ရက်က ရေးပါတယ်။အိန္ဒိယရူပီး    ပြည်တွင်းရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်းနဲ့ ပြည်တွင်းစီးပွားရေး အခြေအနေကို စိုးရိမ်မှုတွေကြောင့် ရူပီး ငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ကျဆင်းခဲ့ပါတယ်။ ဘရပ်ဆဲမြို့မှာ ကျင်းပမဲ့ ဥရောပသမဂ္ဂခေါင်းဆောင် များရဲ့ ဆွေးနွေးပွဲက ရလာမဲ့ရလဒ်တွေ ကို စိုးရိမ်မကင်း ဖြစ်နေတာကလည်း  ဗူးလေးရာ ဖရုံဆင့်ဖြစ်စေခဲ့ပါတယ်။    ရူပီးငွေရဲ့တန်ဖိုးက တစ်ဒေါ်လာ ကို ၅၂ ဒသမ ၃၂ ရူပီးနှုန်းထိ ကျခဲ့ရာ မှ ၅၂ ဒသမ ၂၅ နှုန်းထိဖြစ်ခဲ့ပါတယ်။ ယခင်ရှိခဲ့တဲ့ ၅၁ ဒသမ ၇၆ ရူပီးနှုန်းနဲ့ နှိုင်းယှဉ်ရင် တန်ဖိုးကျခဲ့တာတွေ့ရပါ တယ်။ဂျပန်ယန်း    ဒီဇင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ဥရောပဗဟိုဘဏ် (ECB ) ရဲ့ စီမံခန့်ခွဲ မှုကော်မတီအစည်းအဝေးမှာ ECB  က ဗဟိုဘဏ်အတိုးနှုန်းတွေလျှော့ချပြီး ဘဏ်တွေကိုအထောက်အကူဖြစ်စေမဲ့ အစီအမံတွေကို ချမှတ်ခဲ့ပါတယ်။    ယန်းငွေတန်ဖိုးက ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက နယူးယောက်မှာ တစ် ယူရိုကို ၁၀၃ ဒသမ ၅၈ ယန်းနှုန်းမှ အာရှဈေးကွက်မှာ တစ်ယူရိုကို ၁၀၃ ဒသမ ၄၀ ယန်းနှုန်းထိ ယန်းငွေတန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာယန်း ဖလှယ်နှုန်းက တစ်ဒေါ်လာ ၇၇ ဒသမ ၆၅ ယန်းအတိုင်း မပြောင်းမလဲရှိခဲ့ပါ တယ်။မလေးရှားရင်းဂစ်    ဥရောပကြွေးမြီအကျပ်အတည်း ကို စိုးရိမ်မှုက အာရှဖွံ့ဖြိုးမှုကို ဂယက် ရိုက်ခတ်မှုရှိလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှု ကြောင့် မလေးရှားရင်းဂစ်တန်ဖိုးက ရက်သတ္တပတ်အလိုက် ကျဆင်းမှုရှိခဲ့ ပါတယ်။    ဘလွမ်းဘတ်စစ်တမ်းအရ ကွာ လာလမ်ပူတွင်  ဒီဇင်ဘာ ၈ ရက် နေ့လယ် ၁၂ နာရီ ၃၄ မိနစ်က ရင်းဂစ် တန်ဖိုးက ရက်သတ္တပတ်အလိုက် ၁ ရာခိုင်နှုန်းနဲ့ နေ့အလိုက် သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၃ ဒသမ ၁၅၃၅ ရင်းဂစ်နှုန်းရှိခဲ့ ပါတယ်။တောင်ကိုရီးယားဝမ်    ဥရောပကြွေးမြီအကျပ်အတည်း က ဥရောပဒေသတွင်း စီးပွားရေးဖွံ့ဖြိုး နှုန်းကို ဂယက်ရိုက်ခတ်မဲ့ လက္ခဏာ တွေကို တွေ့ရတဲ့အတွက် အာရှငွေ ကြေးတွေ တန်ဖိုးကျဆင်းရာမှာ တောင် ကိုရီးယားဝမ်ကရှေ့ဆုံးကပါဝင်ခဲ့ပါတယ်။    ဆိုးလ်မြို့မှာ ဒီဇင်ဘာ ၈ ရက်က တောင်ကိုရီးယားဝမ်တန်ဖိုးက ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၁၁၄၇ ဒသမ ၈၀ ဝမ်နှုန်းရှိခဲ့ပါ တယ်။ထိုင်းဘတ်    ယခုသီတင်းပတ်အတွင်း  ထုတ် ပြန်တဲ့ အစီရင်ခံစာများအရ ထိုင်းစား သုံးသူများရဲ့  ယုံကြည်မှုက  ဆယ်စု နှစ်တစ်ခုအတွင်း အနိမ့်ဆုံးဖြစ်တဲ့ ၆၁ မှတ်ထိ ကျဆင်းခဲ့ပါတယ်။ ထိုင်း ဘတ် ငွေတန်ဖိုးက သုည ဒသမ ၅ ရာခိုင် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၉၄ ဘတ်နှုန်း ရှိခဲ့ပါတယ်။Source:bloomberg, xinhua, india infoline,businesslive.com.za