Main menu

Background

တရုတ်နိုင်ငံက ထွန်းသစ်စနိုင်ငံများကို ပို့ကုန်တင်ပို့ဖို့ ရည်မှန်း

Tue, 12/13/2011 - 06:05 -- Anonymous (not verified)

    ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတွင် စီးပွားရေးကျဆင်းနေတဲ့အတွက် "ပြင်းထန်တဲ့စိန်ခေါ်မှု တွေ" နဲ့ ရင်ဆိုင်နေတဲ့အတွက် တရုတ်နိုင်ငံက လာမယ့်နှစ် မှာ ထွန်းသစ်စနိုင်ငံတွေကို ပို့ကုန်တိုးချဲ့ တင်ပို့ဖို့ ဆောင် ရွက်နေတယ်လို့ အဆင့် မြင့်အရာရှိတစ်ဦးက ဒီဇင်ဘာ ၇ ရက်က ပြောပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိက မောင်းနှင်ရေးအင်ဂျင်ဖြစ်တဲ့ ပို့ကုန်လုပ်ငန်းတွေအပေါ် ကျရောက်လာမည့် ဂယက်ရိုက်ခတ်မှုတွေကို ကာကွယ်ဖို့ ခိုင်ခိုင်မာမာဖွံ့ဖြိုးတိုးတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တရုတ်နိုင်ငံက ရည်မှန်းချက်ထားဆောင်ရွက်မှာ ဖြစ် ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးဝမ်ရှုဝမ်က ပြောပါတယ်။    "လာမဲ့နှစ်မှာ ကျွန်တော်တို့ရဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်း တွေမှာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ဖွံ့ဖြိုးဆဲနဲ့ ထွန်းသစ်စနိုင်ငံတချို့မှာ စီးပွားရေးတွေ ကောင်းနေတဲ့အတွက် ဒီနိုင်ငံတွေနဲ့ ပို့ကုန်တွေ တင်ပို့နိုင် အောင် ဆွဲဆောင်သွားရပါမယ်"လို့ ကမ္ဘာ့ကုန် သွယ်ရေး အဖွဲ့သို့ တရုတ်နိုင်ငံဝင်ရောက်မှု ၁၀ နှစ်မြောက်အထိမ်း အမှတ်စက္ကူဖြူ စာတမ်းဖတ်ပွဲမှာ ဝမ်ကပြောပါတယ်။    တရုတ်နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းက အောက်တိုဘာလမှာ နှစ်အလိုက်တိုး တက်နှုန်း ၁၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဒေါ်လာ၁၅၇ ဒသမ ၄၉ ဘီလီယံဖိုးရှိခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာမှာ ရှိခဲ့တဲ့ဒေါ်လာ ၁၆၉ ဒသမ ၇ ဘီလီယံနဲ့ နှိုင်းယှဉ်ရင် ကျဆင်းခဲ့ပါတယ်။ ပို့ကုန် လုပ်ငန်းက အောက် တိုဘာလမှာ နှစ်အလိုက်တိုးတက်နှုန်း ၂၈ ဒသမ ၇ ရာ ခိုင်နှုန်းနဲ့ ဒေါ်လာ ၁၄၀ ဒသမ ၄၆ ဘီ လီယံဖိုးရှိခဲ့ပါ တယ်။ ဒါပေမဲ့ စက်တင်ဘာက ရှိခဲ့တဲ့ ၁၅၅ ဒသမ ၂ ရာခိုင်နှုန်း အောက်ကျဆင်းခဲ့ပါတယ်။     အမှတ်တံဆိပ်ထူထောင်မှု၊ သုတေသနနဲ့ ဖွံ့ဖြိုးမှုနဲ့ ဈေးကွက်ဖွံ့ဖြိုးရေးတို့မှာ ယှဉ်ပြိုင်မှုစွမ်းရည်တွေတိုးလာဖို့ တရုတ်နိုင်ငံကကုမ္ပဏီတွေကိုအကူအညီပေးမယ်လို့သတင်း စာရှင်းလင်းပွဲမှာ ဝမ်ကပြောပါတယ်။    Source:AFP