Main menu

Background

ဘဏ္ဍာရေး စုစည်းညီညွှတ်မှုဖြင့် ဥရောပ ဆက်လက်ချီတက်

Tue, 12/13/2011 - 06:11 -- Anonymous (not verified)

    ယူရိုဇုန်မှာ စီးပွားရေးနက်ရှိုင်းစွာ ပူးပေါင်းနိုင်ဖို့အတွက် စာချုပ်သစ်မူကြမ်းကို ရေးဆွဲရန်  ဥရောပခေါင်းဆောင်တို့က သမိုင်းဝင်သဘောတူညီချက်ကို ရရှိခဲ့ပါ တယ်။ ဒါပေမယ့် ဥရောပဒေသမှာ စီးပွားရေးအရ  တတိယနေရာမှာရှိတဲ့ ဗြိတိသျှ နိုင်ငံက အခြား၂၆ နိုင်ငံနဲ့ ဘဏ္ဍာရေးသမဂ္ဂထဲမှာပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး တစ်နိုင်ငံထဲ တစ်သီးတခြား ရှိနေခဲ့ပါတယ်။    နှစ်ရက်ကြာကျင်းပမဲ့ ဥရောပ သမဂ္ဂထိပ်သီးဆွေးနွေးပွဲကရလာမယ့် ရလဒ်က ဘဏ္ဍာရေးအရ မရေမရာဖြစ်စေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က ဂရိနိုင်ငံမှာစတင် ဖြစ် ပွားခဲ့ရာမှတစ်ဆင့် ပေါ်တူဂီ၊ အိုင်ယာလန်၊ အီတလီနဲ့ စပိန်တို့ကို ပျံ့နှံ့ခဲ့ပြီး စီးပွားရေး စွမ်းအားကြီးတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမနီကို ခြိမ်းခြောက်လာတဲ့ ကြွေးမြီ အကျပ် အတည်းကို ထိန်းချုပ်နိုင်မယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချနိုင် ပါမည်လား။ ဘယ်အချိန်မှာ ချနိုင်မှာလဲ ဆိုတဲ့ မရေရာမှုတွေ ဖြစ်ပေါ်နေပါ တယ်။    စာချုပ်သစ်ကို ချုပ်ဆိုနိုင်ဖို့ အတွက် အချိန်သုံးလယူပြီး ဆွေးနွေးရပါမယ်။ အိုင်ယာလန်လို နိုင်ငံမျိုးမှာ ဆန္ဒခံယူပွဲတွေ ပြုလုပ်ပေးဖို့ လိုကောင်း လိုပါမယ်။    ဥရောပဗဟိုဘဏ် (ECB) က ယူရိုဇုန်အစိုးရဘွန်းစာချုပ်တွေကို ဆက် လက် ဝယ်ယူတာကို ဆက်ပြီးထိန်းချုပ်ထားလိမ့်မယ်။ ပြီးတော့ကြွေးမြီ တိုက်ဖျက်ရေး အတွက် အရေးယူဆောင်ရွက်မှုကို ဆက်လုပ်မှာမဟုတ်ဘူးလို့ ECB သတင်း ရပ်ကွက်က ပြောပါတယ်။    အီးယူနိုင်ငံခေါင်းဆောင် ၂၇ ဦး အနက် ၂၆ ဦးက ယူရိုငွေကြေးနယ်မြေ အတွင်းမှာ ဘတ်ဂျက်လိုငွေပြနေတဲ့ နိုင်ငံတွေကို အလိုအလျောက်အရေးယူ ပိတ်ဆို့မှုတွေပါဝင်တဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ သဘောတူခဲ့ ကြပါတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံကတော့ အဆိုပြုထားတဲ့ သဘောတူညီ ချက်ပြင်ဆင်ချက် တွေကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ ကျန်တဲ့ယူရို ဧရိယာက မဟုတ်တဲ့ တခြား ကိုးနိုင်ငံကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ ပါလီမန်က အတည်ပြုချက်ရရင် ဘဏ္ဍာရေး သမဂ္ဂမှာ ပါမယ်လို့ ပြောပါတယ်။Source:reuters.com