Main menu

Background

ဂျပန်ကလေးနို့မှုန့်တွင် ဓာတ်ရောင်ခြည်သင့်မှုကို တွေ့ရ

Tue, 12/13/2011 - 06:13 -- Anonymous (not verified)

    ဂျပန်နိုင်ငံရှိ ရှေ့ဆောင်အမှတ်တံဆိပ်နဲ့ ထုတ်တဲ့ ကလေးနို့မှုန့်မှာ ဓာတ်ရောင်ခြည်သင့် ခံရတဲ့ အခြေအနေ ကိုတွေ့ရတယ်။ ပျက်စီးသွားတဲ့ နျူကလီးယားစက်ရုံက ထွက်တာဖြစ်ရမယ်လို့ နို့မှုန့်ထုတ်လုပ်ရေး ကုမ္ပဏီက ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။ နို့မှုန့်၊ သွားရည်စာ မုန့်နဲ့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ မေဂျီက  Meiji Step ဖော်မြူလာနဲ့ ထုတ်လုပ်တဲ့ ဘူးပေါင်း ၄၀၀၀၀၀ ကို ပြန်သိမ်းကြောင်း၊ ရေဒီယိုသတ္တုကြွ ပစ္စည်းဖြစ်တဲ့   Caesium 134 နဲ့Ceasium 137  အနည်းငယ် ပါဝင် နေတဲ့အတွက် ဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။    တရားဝင်ခွင့်ပြုချက်က တစ်ကီလို ဂရမ်ကို  200-becquerel ဖြစ်ပါတယ်။ ယခုပါဝင်မှုက ၂၂ မှ ၃၁ becqueral  ဖြစ်ပေမယ့် ပြန်သိမ်းတာဖြစ်ပါတယ်။ ယခု ဖော်မြူလာက ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားစက်ရုံနဲ့ ကီလိုမီတာ ၂၀၀ အကွာရှိ ဆိုင်တာရာစက်ရုံက ထုတ်လုပ် တာဖြစ်ပါတယ်။ ဒီနေရာ ဓာတ်ပေါင်းဖိုတွေက မတ်လ ၁၁ ရက်ငလျင်နဲ့ ဆူနာမီတုန်းက ပျက်စီးခဲ့ဓာတ်ပေါင်းဖို တွေ ဖြစ်ပါတယ်။    Caesium  တွေ နို့မှုန့်ထဲစိမ့်ဝင်တာဟာ အခြောက် ခံတဲ့ နည်းစဉ်ကို ဆောင်ရွက်စဉ်ဝင်တယ်လို့ ကုမ္ပဏီက ခန့်မှန်းပေမယ့် တိတိကျကျမသိရသေးပါဘူး။ တခြားထုတ် ကုန်ပစ္စည်းတွေမှာတော့ ရေဒီယိုသတ္တုကြွမှု စိမ့်ဝင်တာကို မတွေ့ရဘူးလို့ ကုမ္ပဏီက ပြောပါတယ်။Source: AFP