Main menu

Background

ထိုင်းကုန်စည်ပြပွဲ ၂၀၁၁ ကျင်းပ

Sun, 12/18/2011 - 04:43 -- Anonymous (not verified)

     ထိုင်းကုန်စည်ပြပွဲ ၂၀၁၁ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နံနက် ၉း၀၀ နာရီမှာ ရန်ကုန် မြို့ ဦးဝိစာရလမ်းရှိ တပ်မ တော်ခန်းမ မှာကျင်းပပြုလုပ်ခဲ့ ပါတယ်။    ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေး မှူးချုပ်ဦးခင်မောင်လေးနဲ့တာဝန်ရှိသူ များ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၊ သံရုံးယာယီတာဝန်ခံ Mr.Kallayana Vipattipumiprates     ထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှု မြှင့် တင်ရေးဌာန   ညွှန်ကြားရေးမှူးချုပ်  Mrs.Nuntawan Sakuntanaka  ၊ ကုန်သည်စက်မှုအသင်းချုပ်   ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့    ဗဟိုအလုပ်အမှု ဆောင်များ၊ ဖိတ်ကြားထားသော ဌာန ဆိုင်ရာမှ ဧည့်သည်တော်များ၊ ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပါတယ်။    ဖွင့်ပွဲအခမ်းအနားမှာ ကုန်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခင်မောင်လေး၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၊ သံရုံးယာယီ တာဝန်ခံ Mr.Kallayara  Vipattip-umiprates  ၊ ကုန်သည်စက်မှု အသင်း ချုပ် ဥက္ကဌ ဦးဝင်းအောင်နှင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှုမြှင့် တင်ရေးဌာန   ညွှန်ကြားရေးမှူးချုပ် Mrs. Nuntawan Sakuntanaka    တို့မှ အဖွင့်အမှာစကား အသီးသီးမြွက် ကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကုန်သွယ်ရေးညွှန်ကြားမှု   ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံး၊ သံရုံး ယာယီတာဝန်ခံ   Mr.Kallayana Vipattipumprates နဲ့ ကုန်သည်စက် မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ဖွင့်လှစ်ပေးခဲ့ကြပါတယ်။    အဆိုပါ  အခမ်းအနားမှာ ညွှန် ကြားရေးမှူးချုပ် ဦးခင်မောင်လေးက အမှာစကားပြောကြားရာမှာ နိုင်ငံတော် အစိုးရသစ် တာဝန်ယူပြီးနောက် ထိုင်း နိုင်ငံအနေဖြင့်  ကုန်စည်ပြပွဲ ကျင်းပ သည်မှာ ယခုပထမဆုံးအကြိမ်  ဖြစ် ကြောင်း၊ ယခုကုန်စည်ပြပွဲက ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်နိုင်မှာဖြစ်သလို ဆက်လက်ပြီး စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ကို ဖော်ဆောင်စေကာ နှစ်ဖက်အပြန် အလှန် အကျိုးရှိမည်ဟုလည်း ယုံကြည် ပါကြောင်း၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ သံတ မန် ဆက်သွယ်မှုကို ၁၉၄၈ ခုနှစ်က ထူထောင်ခဲ့ပြီး ၁၉၈၉ခုနှစ်တွင် အထွေ ထွေကုန်သွယ်မှုဆိုင်ရာ သဘောတူညီ ချက်ကိုနှစ်ဖက်  လက်မှတ်ရေးထိုးခဲ့သ လို မြန်မာ-ထိုင်းကုန်သွယ်ရေး ပူးတွဲ ကော်မရှင်ကိုလည်း ၁၉၉၀ ခုနှစ်တွင် ထူထောင်ခဲ့ကြောင်း   နှစ်နိုင်ငံအကြား စီးပွားရေးအရသာမက  နိုင်ငံရေး၊ လူမှု ရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင်ပါ ကောင်းမွန်တဲ့ဆက်ဆံရေးကိုထူထောင် နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကိုပြန်ကြည့်လျှင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆၁၄ သန်းထိ မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ ယခုလို  ကုန်သွယ်မှု ပမာဏ တိုးတက်ရခြင်းမှာ နှစ်နိုင်ငံ ခေါင်းဆောင်များ၏လမ်းညွှန်မှု  အား ပေးမှုနှင့်အညီ  နှစ်ဖက်တာဝန်ရှိသူများ က  ကြိုးပမ်းအားထုတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။    ဆက်လက်၍  ထိုင်းနိုင်ငံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Nuntawan Sakuntanaka  က အမှာစကားပြောကြားရာတွင် ၆ နှစ် တာ ကာလအတွင်း မြန်မာနိုင်ငံတွင် ထိုင်းကုန်စည်ပြပွဲကို ယခုနှစ်မှာ ပြန် လည်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ထိုင်း နိုင်ငံမှ ကုမ္ပဏီ ၁၃၀ ကျော်မှ ပြခန်း ပေါင်း ၁၅၄ ခန်းကျော်တွင် အရည်   အသွေးကောင်း လူသုံးကုန်ပစ္စည်းများ ကိုပြသသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တွင် ထိုင်းနိုင်ငံအတွက် အရေးပါသည့် မိတ်ဖက်အဖြစ်သာမက ခရီးသွားကဏ္ဍ တွင်လည်း မဟာဗျူဟာကျသည့် မိတ် ဆွေနိုင်ငံအဖြစ် အလေးထားပါကြောင်း ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းကိုအပြည့်အဝအကောင် အထည်ဖော် ဆောင်တော့မည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သား၊ ဝန် ဆောင်မှုနှင့် ကုန်ပစ္စည်းများ လွတ်လပ် စွာစီးဆင်းနိုင်ရေးအတွက် အသင့်ဖြစ် စေရန် နှစ်နိုင်ငံ၏ နယ်ပယ်စုံ၊ အလွှာစုံ အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန် လိုမည်ဖြစ်ကြောင်း ၂၀၁၄ ခု နှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာမှ တာဝန်ယူမည်ကိစ္စကိုမိမိတို့အပြည့်အ၀ ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။    ထို့နောက် ပြခန်းများကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ နဲ့ တာဝန်ရှိသူများက လှည့်လည်ကြည့် ရှုအားပေးခဲ့ကြပါတယ်။ ပြပွဲမှာ ထိုင်း နိုင်ငံရှိ ပင်ရင်းစက်ရုံကြီးများမှ  ကုန် ပစ္စည်းအမျိုးပေါင်း ၁၀၀၀ ကျော် ပါဝင် ပြသထားပြီး ပြခန်း ၁၅၄ ခန်းခင်းကျင်း ပြသထားပြီး ပြခန်းများတွင် ထိုင်းနိုင်ငံ ရဲ့ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးစားသောက် ကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊လယ်ယာ သုံး စက်ကိရိယာနဲ့ ဆောက်လုပ်ရေး ပစ္စည်းများပါဝင်ကြောင်း သိရပါတယ်။    အဆိုပါ  ထိုင်းကုန်စည်ပြပွဲကြီး အားဒီဇင်ဘာ ၁၅ ရက်မှ ၁၈ ရက် အထိဖွင့်လှစ်ပြီး  အရည်အသွေးမြင့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများကို ဈေး နှုန်းချိုသာစွာနှင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။ခင်မောင်မောင်အုန်း