ထိုင်းအစိုးရ အစီအစဉ်အောက်မှာ စပါးတန်ချိန် ၃ သန်း အပေါင်ခံထားပြီးဖြစ်

    အောက်တိုဘာလ ၇ ရက်မှာ စတင်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ ဆန်၊ စပါး အပေါင်ခံအစီအစဉ်မှာ လယ်သမားများက စပါး တန်ချိန် ၃ သန်းကျော် ပေါင်နှံထားပြီးကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဆန်အပေါင်ခံ ဆပ်ကော်မတီ အစည်းအဝေးမှာ စီးပွားကူးသန်းဒုတိယဝန်ကြီး Poom  Sarapal  က ကြေညာပါတယ်။ နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၂၀ ကျော်မှာ ရေလွှမ်းမိုးမှု ပြဿနာ ဖြစ်ခဲ့တဲ့အတွက် ပေါင်နှံတဲ့စပါးပမာဏဟာ မျှော်မှန်းထားတာထက် လျော့နည်းနေပြီး၊ အချို့တောင်သူများမှာလည်း ၎င်းင်းတို့စပါးကို ဈေးပိုမိုတဲ့ ပွဲစားတွေကို ရောင်းချကြတယ်လို့ သိရပါတယ်။    အပေါင်ခံအစီအစဉ်ကို ဖေဖော်ဝါရီ ၂၉ ရက်မှာ အပြီးသတ်မှာဖြစ်ပြီး၊ သက်တမ်းတိုးမှာ မဟုတ်ဘူးလို့လည်း                 Mr Poom က ဆိုပါတယ်။ တကယ်လို့ လယ်သမားများထံမှာ ၎င်းင်းတို့ သိုလှောင်ရုံများအတွင်း စပါးတွေရှိဦးမယ်ဆိုရင် အနာဂတ် စပါးရာသီပြင်ပအတွက် အပေါင်ခံ အစီအစဉ်တစ်ခုကိုလည်း အစိုးရက စတင်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။    လက်ရှိအချိန်ထိ ငွေလက်ခံရခြင်း မရှိသေးဘူးလို့ တင်ပြချက်များ ထွက်ပေါ်လာပြီးနောက် အဲဒီလယ်သမားများအတွက် ငွေပေးချေမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဆောင်ရွက်ဖို့ ဆပ်ကော်မတီ အစည်းအဝေးက ဆက်စပ်လုပ်ကိုင်နေတဲ့ အေဂျင်စီများ ကို တာဝန်ပေးညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနယ်စပ်ဒေသများမှ စပါးအပေါင် ခံဖို့ ကြိုးစားနေတဲ့ အချို့လယ်သမား များရှိနေသည်ဆိုသော် မဟုတ်မမှန်သတင်းများရှိကြောင်း၊ အကယ်လို့ အဲဒီလိုမမှန်မကန်ဆောင်ရွက်မှုကိုတွေ့ရှိပါက ဥပဒေအရ အရေး ယူသွားမှာဖြစ်ကြောင်းလည်း Mr Poom  မှ ပြောကြားကြောင်း သိရပါတယ်။         လမင်းSource: riceonline