ဖိလစ်ပိုင် နိုင်ငံတော်စားနပ်ရိက္ခာအသင်းရဲ့ ဆန်လက်ကျန်များ ၂၀၁၁ နှစ်ကုန်ပိုင်းအထိ လုံလောက်မှုရှိတယ်လို့ဆို

    ဖိလစ်ပိုင်နိုင်ငံတော် စားနပ်ရိက္ခအဏာပိုင် NFA ရဲ့ သိုလှောင်ရုံများမှာ သိုလှောင်ထားတဲ့ ဆန်အိတ် ၂၂ ဒသမ ၁ သန်းခန့်ရှိနေတဲ့အတွက်ဒီနှစ်ကုန်တိုင်အောင် ဆန်ရောင်းချ မှု ဖူလုံတယ်လို့  NFA  ရဲ့ အများပြည်သူရေးရာရုံးမှ ညွှန် ကြားရေးမှူး Rex C Estoperez   မှ ပြောကြားပါတယ်။ လက် ကျန် ပမာဏက နိုင်ငံရဲ့ ၃၆ ရက်စာ ဖူလုံတဲ့အတွက် ဆန်ဈေး လည်းမြင့်တက်ခြင်းမရှိပါဘူးလို့ထပ်လောင်းပြောကြားပါတယ်။    ဆန်လုပ်ငန်းတစ်ခုလုံးရဲ့ အရန်ဆန်က ရက်ပေါင်း ၈၆-၈၇ ရက်စာအတွက်ရှိနိုင်လို့ ပုံမှန်အရန်သိုလှောင်မှု လိုအပ် ချက် ၉၀ ရက်စာထက်ပိုမိုနေပါတယ်လို့လည်း ၎င်းက ဆိုပါ တယ်။ ဒါ့အပြင် စိုက်ပျိုးရေးဌာနကလည်း ၂၀၁၂ ပထမ ၃ လအတွက် နိုင်ငံရဲ့ ဆန်ရောင်းချမှု အလုံအလောက်ရှိတယ် လို့လည်း အခိုင်အမာပြောကြားပါတယ်။ ဒါပေမယ့် စားနပ် ရိက္ခာ အာဏာပိုင်ကတော့ နောက်နှစ်မှာ အလုံအလောက် ရောင်းချနိုင်ဖို့ ဇူလိုင်လမှစပြီး နောက်ပိုင်းလများအတွင်း ဆန်ထုတ်လုပ်မှုကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပါတယ်။     ဒါ့အပြင် ပြည်တွင်းဆန်ဈေးတည်ငြိမ်စွာ ရောင်းချနိုင် ရေး ပြည်တွင်းသိုလှောင်ဖို့ လာမယ့်နှစ်မှာNFA က ဆန်တန် ချိန် ၅၀၀၀၀၀ တင်သွင်းသွားမှာဖြစ်ပါတယ်။ ဒီပမာဏဟာ ယခင်နှစ်တင်သွင်းခဲ့တဲ့ တန်ချိန် ၈၆၀၀၀၀ ထက်လျော့ကျပါ တယ်လို့ Estoperez   မှ ပြောကြားပါတယ်။လဝန်း၊Source: PIA