ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ် (ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်) အတွင်း တန်ချိန် ၄၀၀၀ အောက်လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၄၅၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း ဒီဇင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲပြည်ပတင်ပို့ပြီးစီးမှု တန်ချိန် ၄၇၁၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၉၄ သန်းကျော်ရရှိထားကြောင်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် ၂၀၁၀-၁၁ ကာလတူ တင်ပို့မှုမှာ တန်ချိန် ၃၃၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၃၉ သန်းကျော်ရှိလို့ ယခုနှစ်မှာ တင်ပို့မှု ပမာဏတန်ချိန် တစ်သိန်းလေးသောင်းကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT(MAPT)b
Background