ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၆၃၀၀ ကျော်ကို လျှော့ကျတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်လဘာလ ၅ ရက်မှ ၉ ရက်) အတွင်းမှာ တန်ချိန် ၇၂၀၀ ခန့် အထိပြန်တိုးလာပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်လိုက်လာတဲ့အတွက် တင်ပို့မှု ပိုလာတာဖြစ်ပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာ ၉ ရက်အထိ ပဲစင်းငုံစုစုပေါင်း တန်ချိန် ၁၇၅၀၀၀ ကျော် တင်ပို့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၀၈ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၇၁၀၀၀ ကျော်သာ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၇ သန်းကျော်ရရှိလို့ ယခုနှစ်မှာ တန်ချိန် တစ်သိန်းကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။ လတ်တလောအရောင်းအဝယ် ဖြစ်မှုအရ လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု တိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်း ရပါတယ်။MIRT(MAPT)
Background