ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်တဲ့ ပဲတွေအနက် ပဲစင်းငုံကတော့ လတ်တလောအရောင်းအဝယ် သွက် နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာ ၉ - ၁၅) အတွင်းမှာလည်း တန်ချိန် ၁၁၀၀၀ ခန့်အထိ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက် ကျန်နည်းလာပြီး ပဲအသစ်ဝင်ရောက်မှုလည်း နည်းနေသေးတဲ့အတွက် ဝယ်လို အားကောင်းနေပါတယ်။ ဒါပေမဲ့ အိန္ဒိယ ရူပီးတန်ဖိုးကျဆင်းနေတဲ့အတွက် မြန်မာပဲစင်းငုံကို ဈေးလျှော့ ဝယ်လိုကြတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ပို့ကုန်ဝင်ငွေတန်ဖိုး ငြိမ်နေတဲ့အတွက် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ပိုကြောင်း သိရပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၁၆-၁၂-၁၁ ၅၆၀-၅၈၀ ၄၆၀-၄၈၀ ၅၅၀-၅၇၀၉-၁၂-၁၁ ၅၄၀-၅၆၀ ၄၄၀-၄၆၀ ၅၃၀-၅၅၀MIRT(MAPT)
Background