ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှု ဆက်ရှိနေပေမဲ့ ယခုတစ်ပတ် တင်ပို့မှုလျော့ကျလာပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၃၅၀ ကျော်ထိ တိုးတက်ခဲ့ပေမဲ့ ယခုတစ်ပတ် (ဒီဇင် ဘာ ၅-၉ ရက်) အတွင်းမှာတော့ တန် ချိန် ၁၃၀ ကျော်သာ တင်ပို့ခဲ့တာတွေ့ ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းကို ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒီဇင် ဘာ ၉ ရက် အထိ ပဲလွန်းဖြူပြည်ပ တင်ပို့ ပြီးစီးမှု တန်ချိန် ၁၇၃၀၀ ကျော် ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၆ သန်းရရှိကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တော့ တန်ချိန် ၁၆၈၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၄ သန်းနီးပါးရရှိခဲ့ပါ တယ်။ ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုမှာ တန် ၅၀ သာရှိပြီး FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ဈေးဖြစ်တဲ့ FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၁၀-၉၂၀ ရှိကြောင်း သိရပါတယ်။MIRT(MAPT)
Background