ဟင်္သာတခရိုင်အတွင်း ကိုင်းမြေ များတွင် အဓိကထားစိုက်ပျိုးကြတဲ့ ပဲသီးနှံအုပ်စုတွင် ပထမဦးဆုံးထွက်လာ တဲ့ နတ်တော်ဖြူခေါ်လွန်းဖြူပဲသစ်များ ဟာ ဒီဇင်ဘာလဆန်းကစပြီး အနည်း ငယ်ဈေးကွက်သို့ဝင်ရောက်လာပါတယ်။ ဈေးကွက်အဖွင့် ပဲလွန်းဖြူ ပိဿာ ၂၀ တစ်တင်းကို ၁၈၀၀၀ ကျပ်ဖြင့် ရောင်း ဝယ်မှုဖြစ်ခဲ့ပါတယ်။ ယခင်နှစ် ပဲအဖွင့် ဈေးမှာ ၁၉၅၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ဟင်္သာတပဲ ဈေးကွက်သို့ နေ့စဉ်ပိဿာ ၃၀ ဝင် အိတ် ၅၀ ခန့် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဒေသ များဖြစ်တဲ့ ခေါင်းဆေးကျွန်း ကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ ခြင်ဘို့ကျေး ရွာများမှ ဝင်ရောက်လျက်ရှိတယ်လို့ သိရပါ တယ်။ အေးအေးခိုင်
Background