Main menu

Background

ယခုတစ်ပတ် ပဲတီစိမ်းနေ့စဉ် အဝယ်ရှိ

Sun, 12/18/2011 - 05:49 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB ဈေးကွက်မှာ ပဲတီစိမ်းကို နေ့စဉ်အဝယ်ရှိ ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ပဲတီရွှေဝါ တန် ၃၁၂၄ နဲ့ ပဲတီစိမ်းတန် ၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၄၀၀၀ ခန့်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း ပဲတီစိမ်း လက်ကျန်နည်းလာပြီဖြစ်သလို မြန်မာ့ပဲတီစိမ်းများ  အဝယ်ပြန်လိုက်လာဖွယ် ရှိပါတယ်။ ဒါပေမဲ့ ရူပီးတန်ဖိုး ကျဆင်းတာကြောင့် ဈေးကွက်ကို စောင့်ကြည့်တဲ့ အနေအထားရှိနေပြီး လတ်တလောမှာ FOB ဈေးအပြောင်းအလဲမရှိ ရောင်းဝယ်ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက် FAQ အညာ တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ ရှိကြောင်း သိရပါတယ်။     MIRT- MAPT