Main menu

Background

တရုတ်နယ်စပ်မှ ပဲတီစိမ်းလုံးပြည့်ရော လုံးခြမ်းပါအပို့ရှိနေ

Sun, 12/18/2011 - 05:51 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၇ ရက်မှ၁၃ ရက်ထိ ကာလအတွင်း တစ်ဖက် နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၈၅၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၂၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်းတန် ၁၀၀ ဝန်းကျင်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့တာနဲ့  နှိုင်းယှဉ်မယ်ဆိုလျှင် လုံးပြည့် တင်ပို့မှုတန် ၅၀ နဲ့ လုံးခြမ်းတင်ပို့မှု ၈ တန် လျော့နည်းခဲ့ပါတယ်။ နိုဝင်ဘာလမှာတန် ၂၉၅၀ ကျော်တင်ပို့ခဲ့ပြီး ဧပြီလမှ နိုဝင်ဘာလကုန်ထိ ပဲတီစိမ်း တန် ၁၂၄၄၀၀ ကျော် မူဆယ်နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ မိမိဘက်ရော  တစ်ဖက် နိုင်ငံမှာပါ ယခုအပတ် ပဲတီစိမ်းဈေးအနည်းငယ်မျှ ဈေးမြင့်ရလျက်ရှိတာ တွေ့ရပါတယ်။ နှစ်နိုင်ငံနယ်စပ်မြေပြင် ပေါက်ဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -          မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု    ယခင်    ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း    ၆၆၈၉၉၀    ၆၆၁၆၄၀    ၇၃၅၀    ၁    ၈၆၈    ၈၅၂    ၄    ၂MIRT(MAPT)