Main menu

Background

အိန္ဒိယဈေးကွက်မှာ အရည်အသွေးကောင်း ပဲတီစိမ်းဈေးပိုလာ

Sun, 12/18/2011 - 05:54 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ အရည်အသွေးကောင်း ပဲတီစိမ်းဈေးပိုပြီး အခြားအရည်အသွေး ပဲတီစိမ်းကတော့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်တဲ့ ကစ်ရှန်ကပ်နဲ့ ရှီခါဝတီစတဲ့ ဒေသတွေမှာ ဆောင်းအအေးလှိုင်းပြင်းထန်တဲ့ အတွက် ပဲဝင်ရောက်မှု ပါးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရာဂျက်စသန်မှ ပဲထရပ်ကား ၂၀-၂၂ စီး ဝင်ရောက်လာတဲ့အတွက် ဒေလီဈေးကွက်မှာ နောက် ၂ ရက်အတွင်း ဈေးအနည်းငယ် အေးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးကွက်မှာ အတက်ဘက်ကို သွားနေတာကြောင့် ကာလတိုအတွင်း ဈေးများများကျဆင်းဖွယ်မရှိကြောင်း ခန့်မှန်းကြပါတယ်။     ဒေါ်လာ/ တန်                                  ၁၅-၁၂-၁၁    ၁၄-၁၂-၁၁    ၁၃-၁၂-၁၁    ၁၂-၁၂-၁၁မွန်ဘိုင်း (ပဲတီရွှေဝါ)           ၈၂၈            ၈၃၆            ၈၄၂            ၈၄၄-၈၄၉ဒေလီ                           ၄၁၀-၆၂၄     ၄၁၃-၆၂၉     ၄၁၆-၆၃၄      ၄၀၃-၆၃၃အာကိုလာ                         -                ၆၅၈-၇၉၈    ၆၆၂-၈၀၄    ၆၇၁-၈၀၅    MIRT(MAPT)