ပဲခူးတိုင်းဒေသကြီး အနောက်အတွင်း ပဲတီစိမ်းစိုက်ဧက ၀ ဒသမ ၂၃ သိန်းလျာထားပြီး၊ ယခုလအတွင်း စိုက်ဧက အားလုံးနီးပါး စိုက်ပျိုးပြီးဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်း ထိပ်စတစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ် လက်များ အဝယ်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဝင်ရောက်မှုမှာ မင်းတုန်း၊ ကံမနဲ့ ဒေသတွင်းရှိ ပန်းတောင်းမြို့နယ်များမှ နေ့စဉ်အဝင်ရှိခဲ့ ပြီး ဝယ်လက်များလဲ အဝယ်လိုက်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
Background