Main menu

Background

အိန္ဒိယ ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဆီနှင့် အခြားသီးနှံစိုက်ဧရိယာ လျော့ကျသော်လည်း ပဲစိုက်ဧရိယာပိုမို

Sun, 12/18/2011 - 05:58 -- Anonymous (not verified)

    အိန္ဒိယဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ဂျုံ၊ ဆီထွက်သီးနှံနှင့် အခြားနှံစားသီးနှံ စိုက်ဧရိယာသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လျှော့ကျမှုရှိသော်လည်း ပဲစိုက်ပျိုးမှုမှာ ပိုမိုကြောင်း သိရပါသည်။ကုလားပဲစိုက်ဧရိယာ ပိုမိုခြင်း ကြောင့် စုစုပေါင်း ပဲမျိုးစုံ စိုက်ပျိုးမှုသည် ဟက်တာ ၁၂၀ ဒသမ ၆ သိန်းရှိပြီးဖြစ်ကြောင်း၊ ယခင်နှစ်စိုက်ဟက်တာ ၁၁၉ ဒသမ ၂၀  သိန်းနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၁ ဒသမ ၃၉ သိန်း ပိုမိုစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။    ပဲစိုက်ပျိုးသည့် ပြည်နယ်များအနေဖြင့် ရာဂျက်စသန်နှင့် ချတ်တီဂရပ်ပြည်နယ်တို့တွင် စိုက်ဧရိယာပိုမိုသော်လည်း မဟာရပ်ရှတရာ၊ ကာနတာကာနှင့် အင်ဒရာပရာဒေ့ရှ်တို့တွင် စိုက်ပျိုးမှုလျော့နည်းနေသေးကြောင်း သိရပါ သည်။ အိန္ဒိယ နိုင်ငံ၏ ဆောင်းသီးနှံစိုက်ပျိုးမှုကို ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ဖော်ပြပါသည်။                                    ဧရိယာဟက်တာသိန်းပေါင်း                            ၂၀၁၁-၂၀၁၂          ၂၀၁၀-၂၀၁၁    ဂျုံ                        ၂၀၉.၅၅                 ၂၁၁.၃၄    ပဲမျိုးစုံ                    ၁၂၀.၆                   ၁၁၉.၂၁    ဆီထွက်သီးနှံ           ၇၃.၈၃                  ၇၃.၉၉    နှံစားသီးနှံ               ၄၇.၈၄                   ၅၂.၀၈    စပါး                        ၁.၄၅                     ၁. ၈ယမင်းခင်၊Source:hindubusiness.com