Main menu

Background

အိန္ဒိယကုလားပဲဈေး အမြင့်ဘက် ဆက်တက်ဖွယ်ရှိ

Sun, 12/18/2011 - 06:06 -- Anonymous (not verified)

    ပြည်တွင်းဈေးကွက်များမှာ သိုလှောင်မှု အကန့်အသတ်ရှိပြီး ဝယ်လိုအား ခိုင်မာနေတဲ့ အတွက် ကုန်သည်များက ဈေးအနိမ့်မှာ ဝယ်ယူလျက်ရှိတာကြောင့် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေး အမြင့်ဘက်ဆက်လက်မြင့် တက်ဖွယ်ရှိတယ်လို့ သိရပါ တယ်။ ဒါပေမယ့်လည်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ စိုက်ပျိုးမှုအားကောင်းနေခြင်းက ထွက်ရှိမှု အလားအလာကို ကောင်းမွန်စေတာကြောင့် ဈေးကွက်အပေါ် ဖိအား ဖြစ်စေနိုင်တယ်လို့လည်း ဆိုကြပါတယ်။    ရာဂျက်စသန်၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ စိုက်ပျိုးမှု တိုးတက် နေတယ်လို့ သတင်းများရရှိလို့ နောက်နှစ်အတွက် ကုလားပဲထုတ်လုပ်မှု ပိုမိုဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်NCDEX  မှာ ကုလားပဲ ဇန်နဝါရီလ စာချုပ်ဈေးဟာ ၃ ဒသမ ၁၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရူပီး ၃၃၀၃၀ (ကန်ဒေါ်လာ-၆၁၅)ဈေးဖြစ်ခဲ့ပါတယ်။    စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးအစီရင်ခံစာအရ ဒီဇင်ဘာ ၈ ရက်အထိ ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၁၂ ဒသမ ၀၆ သန်းရှိလို့ ယခင်နှစ်ကာလ တူစိုက်ဟက်တာ ၁၁ ဒသမ ၉၂ သန်းထက် ၁ ဒသမ ၁၇ ရာခိုင်နှုန်းမြင့်တက် နေတယ်လို့ သိရပါတယ်။ယမင်းခင်၊  Source: commodityonline