ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၈၀၀ ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် ဈေး မြင့်လာခဲ့ပါတယ်။ ယခုနှစ် နိုဝင်ဘာလလောက်မှစပြီး ကုလားပဲမှာ ဈေးအေး လာရာမှ ဒီဇင်ဘာဒုတိယပတ်တွင် ဈေးအနည်းငယ် ပြန်တက်လာတာကိုတွေ့ရပါ တယ်။အဝင် မရှိတော့ဘဲ လက်ကျန်ပဲများကိုသာ ရောင်းချမှုများရှိခဲ့ပါတယ်။ ယခင် တစ်ပတ်ကတစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ်ရှိပေမဲ့ ယခုတစ်ပတ်မှာ တစ် တင်း ၁၈၀၀၀ ကျပ်ဖြင့် ဈေးလှုပ်လာတဲ့အတွက် လက်ကျန်ရှိသော ကုန်သည်များမှ ထုတ်ရောင်းလာတာကြောင့် တစ်နေ့အိတ် ၄၀၀-၅၀၀ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
Background