ယခုတစ်ပတ် (ဒီဇင်ဘာ ၅-၉ ရက်) ပင်လယ်ရေကြောင်းက မြေထောက်ပဲ တန်ချိန် ၁၇၀ ကျော်တင်ပို့မှု ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့မှု တန်ချိန် ၈၄ ထက် ပိုတင်ပို့နိုင်ပါတယ်။ ယခုတစ်ပတ်မှာ စင်ကာပူနဲ့ အိန္ဒိယကို တင်ပို့တာဖြစ်ပါ တယ်။ FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တန်ချိန် ၁၇၀ ခန့် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။ အခြားပဲများအနေနဲ့ ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အတွင်းပင်လယ်ရေကြောင်း က စင်ကာပူကို ထောပတ်ပဲ တန်ချိန် ၆၃၊ မလေးရှားကို ပဲယင်း ၂၅ တန်နဲ့ တောင်ကိုရီးယားကို စွန်တာနီ တန် ၈၀ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀နဲ့ ထောပတ်ပဲ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ ဖြစ် ကြောင်း သိရပါတယ်။ MIRT- MAPT
Background