ဟိုပုံးဈေးကွက်မှာလည်း ချင်းတွေ အနည်းငယ်ဝင်လာနေပါပြီ၊ ဈေးကွက်ကို စဝင်လာတဲ့ ချင်းတွေကတော့ နမ့်ခုတ်မြို့နယ်ကထွက်တဲ့ ချင်းတွေဖြစ်ပါတယ်။ နောက်လမှသာ အဝင်လှိုင်လာနိုင်တယ်လို့လည်း သိရပါတယ်။ ဒီနှစ်ဟိုပုံးချင်းက မိုးကောင်းပြီး၊ ရေဝပ်တာကြောင့် အပင်တွေပုပ်သွားပြီး၊ ချင်းမျိုးလည်းပျက်သွားတာ ကြောင့် အထွက်နှုန်းလည်း နည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဟိုပုံးချင်းကိုတော့ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ဈေးစဖွင့်ပါတယ်။ ချင်းခြောက်ကတော့ လက်ကျန် မရှိတော့ပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ဈေးအဖိတ်နေ့နဲ့ဈေးနေ့တွေမှာ ပိုပြီးအဝင်များပါ တယ်။ ၅ ရက်တစ်ဈေးကို ပျမ်းမျှတစ်သောင်းခွဲကနေ တစ်သောင်းရှစ်ထောင်ထိ ဝင်တယ်လို့ သိရပါတယ်။ အထွက်ကတော့ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၁၅၀၀ ခန့်ထွက်ရှိပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းဈေးက မြေဖြူအကြီး ဆိုရင် ၃၄၀ ကျပ်၊ မြေဖြူအသေးဆိုရင် ၃၃၀ ကျပ်နဲ့ မြေနီချင်းကြီးက ၃၇၀ ကျပ်၊ မြေနီသေးက ၃၆၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ဧဧခိုင်ခ
Background