ယခုတစ်ပတ် ပြည်ချင်းဈေးကွက်ရဲ့ ချင်းဈေးမှာ အနည်းငယ်ပြောင်းလဲပြီး မှာယူတင်သွင်းတဲ့ အောင်ပန်း ဈေးကွက်မှာပင် အဝင်များလို့ ဈေးကျနေတဲ့အတွက် ပြည်ပွဲရုံများလည်း ချင်းတစ်ပိဿာ (ရှယ်)၈၀၀-၇၀၀ ကျပ်၊(ဂျွန်) ၆၅၀-၆၀၀ ကျပ် တို့နဲ့ ဈေးအနည်းငယ်ကျသွားပါတယ်။ ယခုတစ်ပတ်စီးဝင်မှုအနေနဲ့ အောင်ပန်းမှ ပိဿာ ၃၀ ဝင်အိတ် ၃၅၀-၄၀၀ ခန့်အဝင်ရှိလို့ ပုံမှန်ဈေးကွက်ဖြစ်တဲ့ လက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုမှာ တစ်ပတ်လုံးအားဖြင့် ယခင်တစ်ပတ် ချင်းလက်ကျန်အပါအဝင် အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ချင်းများရင့်နေပြီဖြစ်လို့ ပစ္စည်း အရည်အသွေးကောင်းနေတာကြောင့် ပွဲရုံများမှာ ချင်းအိတ် ၂၀၀ ခန့် လက်ကျန်အဖြစ် သိုလှောင်ထားရှိကြောင်းလည်း သိရပါတယ်။ ချင်းဓါးလှီးအနေနဲ့ တစ်ပိဿာ ၉၀၀ ကျပ်ဈေးရှိပြီး၊ ပွဲရုံများမှ ချင်းအကျများကို ချင်းထိုးသမားများ ခေါ်ယူ၍ ကိုယ်တိုင်ရောင်းချလျက်ရှိနေပါတယ်။ဝင်းလဲ့ခိုင်
Background