Main menu

Background

နနွင်းသစ်တွေ ဖော်ပေမယ့် ဈေးကွက်အေး

Sun, 12/18/2011 - 06:19 -- Anonymous (not verified)

    အောင်ပန်းမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်က နနွင်းသစ်တွေဖော်နေပေမယ့် ဈေးကွက်မှာတော့ အရောင်း အဝယ် အေးနေပါတယ်။ လက်ကျန်နနွင်းရဲ့ ဈေးကွက်ကလည်း မရှိသလို ချင်းအသစ်ကလည်း အဝယ်ပါးနေပါသေးတယ်။ ဝယ်လက်အချို့ကတော့ ဆင်တောင် နနွင်းကို တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ ဝယ်ယူချင်ပေမယ့် တောင်သူတွေက မရောင်းနိုင်ဘူး လို့သိရပါတယ်။ အထားခံတဲ့ သီးနှံဖြစ်တာကြောင့် ကြိုက်ဈေးရမှသာရောင်းမယ်လို့လည်း ပြောပါတယ်။ ဟိုပုံနနွင်းက ဇန်န ဝါရီလကုန်ပိုင်းလောက်မှသာစပြီး၊ ဖော်ကြမယ်လို့သိရပါတယ်။အောင်ပန်းဈေးကွက်မှာတော့ တောင်ပို့လ နနွင်းတွေကို နဝလီ အဖြစ်နဲ့သာ ရောင်းနေကြပြီး၊ တစ်ပိဿာကို ၈၀၀-၁၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ဧဧခိုင်