Main menu

Background

လက်ကျန်များပြီး ပြည်ပတင်ပို့မှု နည်းတာကြောင့် အိန္ဒိယနနွင်းဈေး ဆက်လက်လျော့ကျ

Sun, 12/18/2011 - 06:21 -- Anonymous (not verified)

    အိန္ဒိယနနွင်းလက်ငင်းဈေးကွက်ရော ကြိုပွိုင့်ဈေးကွက်တွေမှာပါ နနွင်းလက်ကျန်များခြင်း၊ ပြည်ပဝယ်လိုအားနည်းခြင်းနဲ့ နောက်နှစ်နနွင်းထုတ်လုပ်မှု မြင့်တက်မယ့်အလားအလာရှိခြင်းတို့ကြောင့် နနွင်းဈေးအကျဘက်ဆက်ဆင်းနေပါတယ်။NCDEX မှာ ဒီဇင်ဘာစာချုပ်ဈေးဟာ ၃ ဒသမ ၀၂ ရာခိုင်နှုန်းလျော့ကျပြီး၊ တစ်တန် ရူပီး ၄၆၁၄၀ (ကန်ဒေါ်လာ ၈၉၂) ဈေးဖြစ်ခဲ့ပါ တယ်။    ကုန်သည်များရဲ့ ပြောကြားချက်အရ အဓိက ဈေးကွက်တွေမှာ နနွင်းလက်ကျန်အိတ် ၂၀-၂၂ သိန်းဝန်းကျင် ရှိနေပြီး၊ နနွင်းတောင်သူများမှာလည်း နနွင်းအသစ်မထွက်မီ လက်ကျန်ရှင်းထုတ်နေတဲ့အတွက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု ပုံမှန်ထက်ပိုများနေတယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ခန့်မှန်းချက်အရ နောက်နှစ်မှာ နနွင်းအိတ် ၈၂ သိန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။    အီရော့ဈေးကွက်ကို နနွင်းပိုမိုဝင်ရောက်လာပေမယ့် ပြည်ပအဝယ်မရှိတာကြောင့် ဈေးဆက်လက် ကျဆင်း နေပါတယ်။ ယခင်ရက်ပိုင်းက အီရော့ဈေးကွက်ကို နနွင်းအိတ် ၃၀၀၀ ဝင်ရောက်ရာမှ အိတ် ၆၀၀၀ ကို တိုးတက်လာ တယ်လို့ သိရပါတယ်။ နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာရာသီဥတုကောင်းနေခြင်းကစိုက်ပျိုးမှုတိုးတက်စေပြီး အထွက်ပိုမိုမယ့် မျှော်လင့်ချက်ကို တိုးတက် စေပါတယ်။ ဒီဇင်ဘာလ ၁၀ ရက် အီရော့ဈေးကွက်မှာ နနွင်းလက်ချောင်း ဈေးတစ်တန် ရူပီး ၄၂၀၀၀(ကန်ဒေါ်လာ ၈၁၂) ရှိတယ်လို့ သိရပါတယ်။ယမင်းခင် Source: commodityonlline