Main menu

Background

ဖိလစ်ပိုင် တောင်သူများ ကြက်သွန်နီ အသစ်တင်သွင်းမှုကိုဆန့်ကျင်

Sun, 12/18/2011 - 06:22 -- Anonymous (not verified)

    ကြက်သွန်နီတင်သွင်းပါက ဒီဇင်ဘာလမှာ ဖိလစ်ပိုင်တောင်သူများရိတ်သိမ်းနေပြီး၊ လက်ရှိဈေးကွက်များကို အိတ် ၁၀၀၀၀ ဝန်းကျင် ဝင်ရောက်နေတဲ့အတွက် ပြည်တွင်းဈေးကွက်ကို ထိခိုက်စေနိုင်တာကြောင့် တင်သွင်းမှု ခွင့်မပြုရေး၊ စိုက်ပျိုးရေးဌာန DA ကို ကြက်သွန်နီတောင်သူများမှ တောင်းဆိုထားတယ်လို့ သိရပါတယ်။ DA ရဲ့ စာရင်းအရ ကြက်သွန်နီ သိုလှောင်မှု ၂၅ ကီလိုပါအိတ် ၅ သိန်းခန့်ရှိနေတဲ့အတွက် နိုင်ငံရဲ့ တစ်လစားသုံးမှု အိတ် ၃၅၀၀၀၀ အတွက် ရောင်းချဖို့ လုံလောက်တယ်လို့ တင်ပြထားတယ်လို့ သိရပါတယ်။     Ilocos မှ တောင်သူများဟာ ဒီဇင်ဘာလအတွင်းမှာ မြောက်ပိုင်းက အိတ် ၄၀၀၀ နဲ့ တောင်ပိုင်းကအိတ် ၆၀၀၀ အပါအဝင် ရှားလော့ကြက်သွန်နီ အိတ် ၁၀၀၀၀ ခန့် ထုတ်လုပ်တယ်လို့ သိရပါတယ်။ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး Proceso  Alcala မှ တောင်သူများကို အထောက်အပံ့ပြုနေကြောင်း၊ ယခုတင်သွင်းဖို့ခွင့်ပြုရင် တောင်သူတွေ ရှင်သန်ဖို့လည်း လုပ် ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားတယ်လို့ သိရပါတယ်။    အစိုးရအနေနဲ့ အားလပ်ရက်ရာသီအတွင်း ပြည်တွင်းရောင်းချမှု ဖူလုံမှုအပေါ်ကိုလည်း စိုးရိမ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကြက်သွန်နီဈေးဟာ လယ်ကွင်းပေါက်ဈေး တစ်ကီလိုအသေး ပီဆို ၄၅-၅၀ (ကန်ဒေါ်လာ ၁ ဒသမ ၀၁ - ၁ ဒသမ ၁၃) ဖြစ်ပြီး အလတ်မှ အကြီးမှာ ပီဆို ၅၅-၆၀(ကန်ဒေါ်လာ ၁ ဒသမ ၂၄ - ၁ ဒသမ ၃၆) နဲ့ ငြိမ်နေပါတယ်။ တကယ်လို့ ဈေး အနည်းငယ် တိုးလာတယ်ဆိုရင်တောင် ပြည်တွင်းတောင်သူတွေမရရှိဘဲ တင်သွင်းခြင်းဖြင့် တရုတ်တောင်သူများသာ အကျိုး အမြတ် ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။    Ilocos  တောင်သူများ ဒီဇင်ဘာလကုန်မှာ ရိတ်သိမ်းပြီးတာနဲ့ Pangasinan နဲ့ Nueva  Ecijaတို့က ဇန်နဝါရီမှာ စတင် ရိတ်သိမ်းမှာဖြစ်ပါတယ်။ လက်ကျန်အဟောင်းတွေကုန်ရင် အသစ်တွေဝင်လာမှာဖြစ်လို့ ကြက်သွန်နီ ပြတ်လပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ထုတ်လုပ်သူ ရှင်သန်နိုင်ဖို့ တင်သွင်းမှုကို ခွင့်မပြုသင့်ဘူးလို့ ဆိုပါတယ်။ယမင်းခင်၊Source: Manila  Bulletin