Main menu

Background

အီးယူဒေသ ကြွေးမြီပြဿနာ ကူးစက် ပျံ့နှံ့သွားလိမ့်မည်ဟူသော စိုးရိမ်မှုများ ဆက်လက်ရှိနေခြင်းက ရေနံစိမ်းဈေးနှုန်းကို ဖိအားပေးနေ

Sun, 12/18/2011 - 06:34 -- Anonymous (not verified)

   ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ အနေနဲ့ ဒေသတွင်း  ကြွေးမြီအကျပ် အတည်းကို ထိန်းချုပ်ဖို့ ကြိုးစားရုန်း ကန်နေရဆဲဖြစ်ရာ ကမ္ဘာ့ရေနံစိမ်း ဝယ် လိုအား လျော့ကျသွားဦးမယ်လို့ ခန့်မှန်း လာကြတယ်။ ဒါကြောင့် ဒီဇင်ဘာ ၉ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ကျ ဆင်းသွားခဲ့တယ်။  နယူးယောက် ကုန် စည်ရောင်းဝယ်ရေးမှာ  ဇန်နဝါရီလ အရောက်ပို့ရမယ့်ရေနံစိမ်း(WTI Oil)    က တစ်စည်ကို ၇၅ ဆင့်ကျဆင်းကာ ၉၇ ဒသမ ၅၉ ဒေါ်လာအထိ ရောက် ရှိသွားတယ်လို့ သိရတယ်။ လန်ဒန် အခြေစိုက် ICE Future Europe Exchange   မှာလည်း ဇန်နဝါရီလ ငွေ ချေရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်း က တစ်စည်ကို ၅၇ ဆင့် (သုည ဒသမ ၅ ရာခိုင်နှုန်း) ကျဆင်းကာ ၁၀၇ ဒသမ ၅၄ ဒေါ်လာနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ တယ်။လာမယ့်  ရက်သတ္တပတ်မှာလည်း နယူးယောက်မှာ ရေနံစိမ်းဈေးနှုန်းတွေ ကျဆင်းနေဦးမယ်လို့ ယူဆကြကြောင်း၊ အီးယူဒေသကြွေးမြီပြဿနာ ကူးစက် ပျံ့နှံ့သွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဆက်လက်ရှိနေခြင်းက ရေနံစိမ်း ဈေး နှုန်းကို ဖိအားပေးနေကြောင်း သိရ တယ်။Source:Bloomberg.com၊ ပပ