Main menu

Background

ပြည်တွင်းဖြစ် ဓာတ်မြေသြဇာသာ ဈေးကွက်မှာ အရောင်းအဝယ်သွက်နေ

Sun, 12/18/2011 - 06:54 -- Anonymous (not verified)

ဒီတစ်ပတ် မြေသြဇာအဝင်အေးဒီသီတင်းပတ်ဖြစ်တဲ့  ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ကာလအတွင်း ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဓာတ်မြေသြဇာ တန်ချိန် ၇၃၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်ဖိုး တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဘူဂေးရီးယားနိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၀ နဲ့ တရုတ်နိုင်ငံမှ အာမိုဓာတ်မြေသြဇာ တန်ချိန် ၅၀၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်ထောင်ကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ ယခင်တစ်ပတ်ထက် သုံးဆလောက်လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်စခန်းများမှလည်း ပြည်တွင်းကို ဓာတ်မြေသြဇာ အဝင်ရှိနေ တာကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းလမ်းမှ အဝင်အေးနေခဲ့ပါတယ်။ MIRT (DOT)နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၄၇၀၀ ကျော်အသွင်းရှိမြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၈၅၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၄၄၉၇ တန်ခန့်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ပိုတက်ရှ် ၅၁ တန်ကျော်နဲ့ ယူရီးယား ၁၅၈ တန်၊ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်း တန်ဖိုးရှိ ကွန်ပေါင်း ၁၅ ပတ်လည် ၁၅ တန်၊ ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိ ကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၂၂၅၀ လျော့နည်းတင်သွင်းခဲ့ပါတယ်။  မူဆယ် ၁၀၅ မိုင်မှ ယခုအပတ် အများဆုံးတင် သွင်းတဲ့ ဓာတ်မြေသြဇာများကတော့  Urea, T-super, Ammonium nitrate, Compound (10:10:5),   Single, Superphosphate  တို့ဖြစ်ပြီး ရိဒ်မှ ပိုတက်ရှ် နဲ့ ယူရီးယားဓာတ်မြေသြဇာများ ဖြစ်ကြပါတယ်။      MIRT (DOBT)ပြည်တွင်းဖြစ် ဓာတ်မြေသြဇာသာ ဈေးကွက်မှာ အရောင်းအဝယ်သွက်နေမော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မက်စ်မြန်မာကုမ္ပဏီနဲ့ ဖက်စပ်ထုတ်လုပ် နေတဲ့ ပြည်တွင်းဓာတ်မြေသြဇာများကို အသုံးများလာကြောင်းနဲ့ ထိုင်းနဲ့ တရုတ် တို့ဘက်မှတင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေရဲ့ ဈေးကလည်း အနည်းငယ်ကျလာ တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပုလဲအသေး ၄၆% (ရွှေတုံး)၊ ရွှေပျား၊ ရွှေတောင်) က ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း ၁၅ အစိမ်းရောင်က ၃၅၅၀၀ ကျပ်၊ တီဆူပါ ၄၆% (သံကွင်း) ၂၇၅၀၀ ကျပ်၊ တီစူပါ ၁၆% (မျှားကမ္ဘာ) က ၁၃၅၀၀ ကျပ်နဲ့ ဒီတစ်ပတ်မှာ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ယခင်အပတ်ထက်စာရင် ယူရီးယား(ကမ္ဘာ လုံး)၊ တရုတ်က ဈေးမပြောင်းသော်လည်း  ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်သို့ ဈေးကျလာတယ်လို့သိရပါတယ်။ တီစူပါ ၁၂% (တရုတ်) တစ်အိတ်လျှင် ယခင်တစ်ပတ် ၁၀၅၀၀ ကျပ်မှ ယခု ၉၅၀၀ ကျပ်သို့လည်းကောင်း၊ တီစူပါ ၁၆ % (တရုတ်) တစ်အိတ်လျင် ယခင်တစ် ပတ် ၁၁၀၀၀ ကျပ်မှ ယခု ၁၀၅၀၀ ကျပ်သို့လည်းကောင်း၊ ဓာတ်အား (တရုတ်) ၁၈၅၀၀ ကျပ်မှ ယခု ၁၈၀၀၀ ကျပ်သို့ လည်းကောင်း၊ ပိုတက်(တရုတ်) ယခင် ၂၇၅၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်သို့ ဈေးဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းဖြစ်ကြောင်း သိရပါတယ်။ ဓာတ်မြေ သြဇာဈေးမှာ ဝယ်ရင်းဈေးကျလာလို့ အရောင်းဈေးလည်း ကျလာရခြင်းဖြစ်တယ်လို့ အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ရန်ကုန်ဈေးကွက်တွင်  ဓာတ်မြေသြဇာက ယူရီးယားမြေသြဇာများက အရောင်းပုံမှန်ရှိပြီး ပိုတက်ရှ်နှင့် ကွန်ပေါင်း ၁၅း၁၅း၁၅ တို့က ရောင်းအား ကောင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တီစူပါ (မျှား) ကပစ္စည်းပြတ်နေတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် နေတဲ့ဈေးတွေက ယူရီးယား(နေရွက်လှေ) ရွှေတောင်က ၂၁၁၀၀ ကျပ်၊ တီစူပါ (သံကွင်း) က ၂၅၂၀၀ ကျပ်၊ ပိုတက်(ကနေဒါ)က ၂၈၀၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၅ ပတ်လည်က ၂၈၅၀၀ ကျပ်ရှိတယ်လို့ သတင်းရရှိပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာဈေးက မန္တလေးရဲ့ ဈေးကွက်အခြေအနေ ပေါ်မှာမူတည်ပြီး မန္တလေးမှာ ဓာတ်မြေသြဇာဈေးကျရင် မကွေးမှာလည်း ဈေးကျ တယ်လို့ မြေသြဇာအရောင်းသမားတစ်ဦးက ပြောပါတယ်။ မကွေးဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးတွေကတော့ ယခင်တစ်ပတ် မျှားကမ္ဘာထုတ် (၁၂း၁၃) ၁၇၈၀၀ ကျပ်မှ ၁၆၇၀၀ ကျပ်၊ ဆင် ၁၀း၁၀၅ က ၁၇၅၀၀ ကျပ်မှ ၁၆၇၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၂၃၀၀ ကျပ်မှ ၂၁၇၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်) ၂၇၈၀၀ ကျပ်မှ ၂၁၂၀၀ ကျပ်သို့လည်းကောင်း ဈေးကျ၍ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်မှု နည်းနေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာတော့ ဝယ်လိုအားနည်းနေတာကြောင့် ဈေးကလည်း အကျဘက်မှာဘဲရှိနေပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ယူရီးယား (ရွှေတောင်) ၁၉၉၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး) ၂၀၄၀၀ ကျပ်၊ တီစူပါ ၄၆% ၂၃၈၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ၂၅၀၀၀ ကျပ်နဲ့ အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။  MIRT (DOT)