ထိုင်းဘိလပ်မြေတန်ချိန် နှစ်သောင်းနီးပါးဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း တန်ချိန် ၁၉၃၄၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခြောက် သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံထုတ် ဘိလပ် မြေတစ်မျိုးသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇၄၀၀ နဲ့ တခြားတံဆိပ်ဘိလပ်မြေက တန်ချိန် ၁၁၉၄၅ တင်သွင်းခဲ့ပါတယ်။ ပွင့် လင်းရာသီရောက်လာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်လာတာကြောင့် ဘိလပ်မြေက တစ်ပတ်ပြီး တစ်ပတ် ဆက်တိုက်ဝင်အားကောင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်သောင်း ရှစ်ထောင်ကျော်ဝင်ခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ယခင်တစ်ပတ်ထက် တန်ချိန် တစ်ထောင်ကျော် ပိုမိုပြီးတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT)ယခုတစ်ပတ် နယ်စပ်မှ ဘိလပ်မြေ တန် ၂၀၀၀ ကျော် အသွင်းရှိဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း တာချီလိတ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၄၂၅ တန်ကျော်နဲ့ ကန်ပိုက်တီးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်း အသွင်းရှိ ခဲ့ပြီး ကျန်နယ်စပ်စခန်းများမှ အသွင်းမရှိခဲ့ပါဘူး။ ယခင်အပတ်က တာချီလိတ် နယ်စပ်မှ ၁၀၆၈ တန်ကျော်အသွင်းရှိခဲ့ရာ ယခုအပတ်မှာ ၃၅၇ တန်ကျော် အသွင်း ပိုခဲ့တာ တွေ့ရပါတယ်။ နယ်စပ်များရဲ့ အသွင်းနဲ့နှိုင်းယှဉ်ရင်တော့ တန် ၈၀၀ ခန့် လျော့နည်းတင်သွင်းခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှသွင်းတဲ့ ဘိလပ်မြေတံဆိပ် များမှာ ငှက်တံဆိပ်နဲ့ TPI တံဆိပ်များဖြစ်ကြပါတယ်။ ဧပြီလမှ နိုဝင်ဘာလထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၇၄၂၆၉ တန်ခန့် တင်သွင်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးကွက်မကွေးဈေးကွက်မှာ ဘိလပ်မြေများအနေနဲ့ ဈေးအနည်းငယ် အမြင့်ဖြင့် အရောင်းရှိကြောင်း သိရပါတယ်။ ပွင့်လင်းရာသီရောက်လာပြီး ဆောက်လုပ် ရေးလုပ်ငန်းများရှိလာတာကြောင့် ဘိလပ်မြေအရောင်းအဝယ်လည်း အနည်းငယ် ကောင်းခဲ့တယ်လို့ မြို့ခံအရောင်းပိုင်ရှင်တစ်ဦးက ဆိုပါတယ်။ယခင်တစ်ပတ် တစ်အိတ်ကို ၅၄၀၀ ကျပ်နဲ့ ဆင်(ထိုင်း) ဘိလပ်မြေက ဒီတစ် ပတ်မှာ ၅၆၅၀ ကျပ်သို့လည်းကောင်း၊ မြင်းခေါင်းတစ်အိတ်ကို ၄၂၀၀ ကျပ်မှ ယခု ၄၃၀၀ ကျပ်သို့လည်း ဈေးအနည်းငယ်အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်အိတ်ကို ၅၂၀၀ ကျပ်မှ ယခု ၄၉၀၀ ကျပ်သို့ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။ ကျန်ဘိလပ် မြေများမှာ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း အေသုံးလုံး တစ်အိတ်ကို ၅၃၀၀ ကျပ်၊ ဆင်(ထိုင်း) ၅၈၀၀ ကျပ်၊ စိန်(ထိုင်း) ၅၇၀၀ ကျပ်၊ ဆင်မင်း ၄၄၀၀ ကျပ်၊ ကျား ခေါင်း ၅၂၀၀ ကျပ်ဈေးဖြင့် ငြိမ်နေကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်က ဖြည်းဖြည်းနဲ့မှန်မှန် ဖြစ်နေတယ်။ ဝယ်လိုအား မသွက်တော့ ဘူးလို့ အရောင်းဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ် ပဲခူးဈေးကွက်မှာ ဘိလပ်မြေ အရောင်းပုံမှန်ရှိသလို အဝယ် လည်းပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ဘိလပ်မြေဈေးက ပြောင်းလဲမှုမရှိဘဲ ယခင် ဈေးနှုန်းအတိုင်း ဆင်(ထိုင်း) ၅၄၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၂၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်အသီးသီးရှိကြောင်း သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ မြင်းခေါင်းတံဆိပ်ဘိလပ်မြေနဲ့ စိန်(ထိုင်း) ဘိလပ်မြေ အရောင်းအဝယ်အေးနေသလို ဈေးကွက်အတွင်း ပစ္စည်းလည်း အဝင်ပြတ်နေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါ တယ်။ ဆင်(ထိုင်း) က တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) တစ်အိတ် ကို ၃၁၅၀ ကျပ်ဈေးဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်က ယခင်တစ်ပတ်ထက်စာရင် အနည်းငယ်ကောင်းလာတယ် လို့ ဆိုင်တာဝန်ခံတစ်ဦးမှ ပြောပါတယ်။ ပစ္စည်းအဝယ်လိုက်လာပေမဲ့ဈေးကတော့ မ တက်ဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဘိလပ်မြေဈေးက ယခင်တစ်ပတ်အတိုင်း ဆင်တံဆိပ်တစ်အိတ်ကို ၄၆၅၀ ကျပ်၊ စိန်တံဆိပ်က ကျပ် ၄၆၀၀ နဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT (DOT)
Background