နို့ဆီ/နို့စိမ်း တန် ၅၀၀ ကျော်ဝင် ဒီသီတင်းဖြစ်တဲ့ ဒီဇင်ဘာ ၄ ရက် မှ ၁၀ ရက်တာ ကာလအတွင်း နို့ဆီ ၂၃၆ ဒသမ ၀၇ တန်နဲ့၊ နို့စိမ်း ၃၀၄ ဒသမ ၇၆ တန် စုစုပေါင်းတန်ချိန် ၅၄၀ ဒသမ ၈၃ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ငါးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ OK တံဆိပ် နို့စိမ်းနဲ့ DAWN တံဆိပ်နို့ဆီ ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင် သီတင်းပတ် အဝင်ပျောက်ခဲ့တဲ့ နို့စိမ်း က ဒီသီတင်းပတ်မှာ အားကောင်းစွာနဲ့ ဝင်လာတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ် တန်ချိန် တစ်ရာ့သုံးဆယ် ကျော်အဝင်ရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့ခုနစ်ဆယ်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နို့ဆီ/နို့စိမ်းအဝင် စုစုပေါင်းတန်ချိန်နဲ့ ကြည့်မယ်ဆိုရင် ဒီတစ်ပတ်မှာ ယခင် အပတ်ထက် တန်ချိန် သုံးရာ့ခုနှစ်ဆယ် ကျော်လောက် အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စပိန်၊ USA၊ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံတို့မှ မှာယူတင် သွင်းခဲ့ပါတယ်။ ဝင်လာတဲ့တန်ချိန်များ မှာ ၃၃ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းခုနစ်သောင်း နီးပါးဖိုးဖြစ်ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့လေးဆယ်ကျော် အဝင် ရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ သုံးဆယ့်သုံး တန်ကျော်သာ အဝင်ရှိခဲ့လို့ ဒီသီတင်း ပတ်မှာ နို့မှုန့်အဝင် လျော့နည်းခဲ့ပါ တယ်။ MIRT (DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၃၇၀၀ တန်ဖိုးရှိ နို့ဆီ ၃ ဒသမ ၇၉ တန် (တာ-၂၀၀) နဲ့ ကန် ဒေါ်လာ ၆၈၃၀၀ တန်ဖိုးရှိ နို့စိမ်း ၇၂ တန်(တာ-၃၈၀၀)အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက် နို့ဆီ ၁၁ တန်ကျော်နဲ့ နို့စိမ်း ၆၂ တန်ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၈၈၂၆၀ ကျော် တန်ဖိုးရှိ နို့မှုန့် ၃၁ တန်အသွင်းရှိခဲ့ပြီး ယခင် အပတ်ကတော့ နို့မှုန့်တင်သွင်းခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။ ကော့သောင်း နယ်စပ်မှာ နို့ဆီ ၁ တာကို ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်း ၁ တာ၂၇၈၄၀ ကျပ် ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀ အိုကေ(နို့ဆီ) ၆၅၀ ၆၇၅ အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅MIRT(DOT)
Background