Main menu

Background

ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းကြောင့် ကုန်စည်များ ရောင်းထုတ်မှုများရှိလာလို့ စားအုန်းဆီကြမ်းဈေး သိသိသာသာကျဆင်း

Sun, 12/18/2011 - 07:46 -- Anonymous (not verified)

    ဥရောပဇုန်ကြွေးမြီး အကျပ်အတည်းအပေါ် စိုးရိမ်မှုများမြင့်တက်လာကာ၊ ကုန်စည်များရောင်းထုတ်မှုများပြီး ဈေးကျဆင်းလာခြင်းတို့ကြောင့် ဒီဇင်ဘာ ၁၅ ရက်မှာ မလေးရှားစားအုန်းဆီကြမ်း  ကြိုပွိုင့်ဈေးလည်း ကျဆင်းခဲ့ပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ စာချုပ်အခြေခံစံနှုန်းဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်း ပြီး၊ တစ်တန်ရင်းဂစ် ၂၉၇၁(ကန်ဒေါ်လာ၉၃၅)ဖြစ်ခဲ့လို့ နိုဝင် ဘာလ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။    ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်း နှေးကွေးလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများမှ လာမယ့်လများမှာ ကုန်စည်ဝယ်လိုအားနည်းနိုင်တဲ့အပေါ် စိုးရိမ်မှုကြီးထွားလာပြီး၊ ၎င်းင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ကုန်စည်များရောင်းထုတ်လာ ကြပါတယ်။ ၎င်းတို့ ကာလရှည် ရင်းနှီးမြှုပ်နှံထားမှုကို ရောင်းထုတ်မှုများလာခြင်းနဲ့ တင်ပို့မှုလျော့ကျ ခြင်းတွေကြောင့် စားအုန်းဆီများ သိသိသာသာ ကျဆင်းလာတာပါလို့ ကွာလာ လမ်ပူရှိ ကုန်သည်တစ်ဦးက ဆိုပါတယ်။    ဈေးကွက်မှ လာမယ့်ရက် အရောင်းအဝယ်အခြေအနေအတွက် ဥရောပရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆက်လက်စောင့်ကြည့်နေပြီး၊ ဈေးကွက်အပေါ် အခြေခံတဲ့ စားအုန်းဆီဈေးလည်း ထပ်မံကျဆင်းနိုင်ကာ ကာလတိုအတွင်း တစ်တန်ရင်းဂစ် ၂၉၅၀ (ကန်ဒေါ်လာ ၉၂၈)ထိ ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကုန်စည် စစ်ဆေးတဲ့ Intertek အေဂျင်စီမှ ပြောကြားချက်ရ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တင်ပို့မှုဟာ ယခင်လကာလတူထက် ၁၇ ရာခိုင်နှုန်း ကျဆင်းပြီး၊ တန်ချိန် ၆၆၈၃၈၅ သာရှိတယ်လို့ ဆိုပါတယ်။အဲဒီပမာဏဟာ ဈေးကွက်က မျှော် မှန်းထားတဲ့ တန်ချိန် ၇၀၀၀၀၀-၇၃၀၀၀၀ ထက် လျော့ကျခဲ့ပါတယ်။    စားအုန်းဆီဈေးအပေါ် ပြင်ပဈေးကွက်အခြေအနေများ ဖိအားဖြစ်နေပေမယ့် မလေးရှားနိုင်ငံရဲ့ ဆီအုန်း ထုတ်လုပ်မှုအနေနဲ့ မိုးသည်းထန်စွာရွာသွန်းပြီး၊ မြေနိမ့်ပိုင်း ဆီအုန်းခြံများရေလွှမ်းမိုးမှုဖြစ်နိုင်တာကြောင့် ရိတ်သိမ်းမှု အဟန့်အတား ဖြစ်ကာ ဆီတင်ပို့ဖို့အတွက် ရောင်းချမှု အကန့်အသတ်ကို ဖြစ်စေနိုင်ပါတယ်။ လက်ငင်း ဈေးကွက်မှာ ဇန်နဝါရီလအတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန် ကန်ဒေါ်လာ ၂၀ လျော့ပြီး၊ ကန်ဒေါ်လာ ၁၀၅၀ နဲ့ ကမ်းလှမ်းချိန်မှာ ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၅၀ (ကန်ဒေါ်လာ ၁၆)လျော့ပြီး၊ တစ်တန် ရင်းဂစ် ၃၀၀၀(ကန်ဒေါ်လာ ၉၄၄)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊ Source: palmoilhas.com