Main menu

Background

ယခုအပတ် နယ်စပ်မှ နှမ်းနီ၊ နှမ်းညိုအပို့မရှိ

Sun, 12/18/2011 - 07:48 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၅၈ သန်း တန်ဖိုးရှိ နှမ်းဖြူ ၇၄၉ တန်ခန့်၊ နှမ်းနက် ၇၅၇ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၂၀၅ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူရောနှမ်းနက်ပါ အပို့လျော့ခဲ့တဲ့ အပြင် နှမ်းညိုနဲ့ နှမ်းနီလည်း ယခုအပတ်မှာ အပို့မရှိခဲ့ပါဘူး။  နိုဝင်ဘာလမှာ တန် ၉၀၀၀ ကျော် အပို့ရှိခဲ့ပြီး ဧပြီလမှ နိုဝင်ဘာလကုန်ထိ ၅၅၈၇၅ တန် တင်ပို့ ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ဈေးလျော့ကျလျက်ရှိပြီး တစ်ဖက် နိုင်ငံဈေး ပြောင်းလဲမှု မရှိပါဘူး။ နှစ်ဖက် မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ်-                                      မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု           ယခင်        ပြောင်းလဲမှု    %        ယခု       ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ      ၈၃၀၄၉၅      ၈၃၆၇၅၄         ၆၂၅၉       ၀ .၈    ၁၃၂၆     ၁၃၂၆          -             -နှမ်းနက်    ၁၁၁၇၆၈၇    ၁၁၅၁၁၆၄       ၃၃၄၇၇     ၃       ၁၅၄၇      ၁၅၄၇          -            -MIRT (DOBT)